သြစတြေးလျအိုးပင်းတင်းနစ် ဆီမီးဖိုင်နယ်၌ လက်ရှိချန်ပီယံဂျိုကိုဗစ်နှင့် ဖက်ဒါရာတွေ့ဆုံ

သြစတြေးလျအိုးပင်းတင်းနစ် ဆီမီးဖိုင်နယ်၌ လက်ရှိချန်ပီယံဂျိုကိုဗစ်နှင့် ဖက်ဒါရာတွေ့ဆုံ

၂ဝ၂ဝ သြစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ လက်ရှိ ချန်ပီယံ ဂျိုကိုဗစ်နှင့် ဆွစ်ဇာလန် တင်းနစ်အကျော်အမော် ဖက်ဒါရာတို့ တွေ့ဆုံနေပြီး ယနေ့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖက်ဒါရာသည် ကွာတားဖိုင်နယ် အဆင့်တွင် အမေရိကန် နိုင်ငံသား ဆန့်ဒ်ဂရန်ကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဂျိုကိုဗစ်မှာ ကနေဒါမှရာအိုနစ်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဖက်ဒါရာနှင့် ဂျိုကိုဗစ်တို့သည် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ဆယ်စုနှစ်တစ်ခု ကျော်ကြာ ကြီးစိုးထားသူများဖြစ်ပြီး နောက်ဆုံး (၁၆) နှစ်အတွင်း ၎င်းတို့နှစ်ဦးပေါင်း ချန်ပီယံ ဖြစ်ခဲ့ကြသည်မှာ (၁၃) ကြိမ်ထိရှိခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲ မယှဉ်ပြိုင်မီ ဖက်ဒါရာက ၎င်းအနေ ဖြင့် ဂျိုကိုဗစ်ကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဂျိုကိုဗစ်သည် ၂ဝ၁၉ ပြိုင်ပွဲဗိုလ်လုပွဲတွင် နာဒယ်ကို အနိုင်ယူ၍ ချန်ပီယံဆုထပ်ရခဲ့သူဖြစ်သည်။

ဂျိုကိုဗစ်သည် ပရိုကစားသမားဘဝ၌ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ခုနစ်ကြိမ်ပိုင်ဆိုင်ထားသည်။ ဖက်ဒါရာမှာ သြစတြေးလျ အိုးပင်းချန်ပီယံဆုကို ခြောက်ကြိမ် ပိုင်ဆိုင်ကာ ၂ဝ၁၈ ခုနှစ်က နောက်ဆုံးချန်ပီယံဖြစ်ခဲ့သည်။

 



ဖတ်ရှုမှုအများဆုံး