ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ စပိန်ဘောလုံးသမိုင်း၌ ပွဲ ၅၀ဝ ပြည့်နိုင်ပွဲရသည့် ပထမဆုံးကစားသမားဖြစ်

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ စပိန်ဘောလုံးသမိုင်း၌ ပွဲ ၅၀ဝ ပြည့်နိုင်ပွဲရသည့် ပထမဆုံးကစားသမားဖြစ်

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဇန်နဝါရီ ၃၀ ရက်က လီဂါနက်စ်နှင့်ကစားခဲ့သော စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်ပွဲတွင် ကိုယ်တိုင်နှစ်ဂိုးသွင်းယူပြီး ဂိုးဖန် တီးမှုတစ်ကြိမ်ပြုလုပ်ကာ ငါးဂိုးပြတ်နိုင်ပွဲ၌ ခြေစွမ်းပြခဲ့ပြီးနောက် ထူးခြားစံချိန်တစ်ခုပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။

ဘာစီလိုနာနှင့် လီဂါနက်စ်တို့၏ပွဲကို ပရိသတ် ၄၀ဝ၀ဝ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး ဘာစီလိုနာမှာ ပထမပိုင်း၌ပင် နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ ဘာစီလိုနာအတွက် အဖွင့်ဂိုးကို ဂရစ်ဇ်မန်းက ပွဲချိန် ၄ မိနစ်တွင်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို မက်ဆီ၏ ထောင့်ကန်ဘောမှတစ်ဆင့် လန်ဂလက်က ခေါင်းတိုက်သွင်းယူခဲ့သည်။ မက်ဆီသည် ပွဲချိန် ၅၉ မိနစ် တွင် အသင်းအတွက် တတိယဂိုးသွင်းယူခဲ့ပြီး စတုတ္ထဂိုးကို အာသာက ၇၇ မိနစ်၌သွင်းယူခဲ့သည်။ ခြေစွမ်းပြခဲ့သော မက်ဆီသည် ပွဲချိန် ၈၉ မိနစ်တွင် ရာကီတစ်၏ပေးပို့မှုမှ တစ်ဆင့် အပိတ်ဂိုးသွင်းယူခဲ့၍ ဘာစီလိုနာမှာ ငါးဂိုးပြတ် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာကစားသမားဘဝ ပွဲ ၅၀ဝ ပြည့် နိုင်ပွဲကိုလည်းရရှိခဲ့ပြီး စပိန်ဘောလုံးသမိုင်းတွင် ပွဲ ၅၀ဝ ပြည့်နိုင်ပွဲကို ပထမဆုံးရယူနိုင်သူဖြစ်ခဲ့သည်။ မက်ဆီသည် ပွဲ ၅၀ဝ ပြည့်နိုင်ပွဲရရှိရန် စုစုပေါင်းပွဲ ၇၁၀ ကစားခဲ့ရ ကြောင်း သိရသည်။ မက်ဆီသည် ဘာစီလိုနာဂန္ထဝင် ကစားသမားဖြစ်သည့် ဇာဗီးနှင့် အင်နီယေစတာတို့၏ ဘာစီလိုနာကစားသမား နိုင်ပွဲအများဆုံး၊ ပွဲအရေအတွက် ကိုလည်း ကျော်ဖြတ်ထားသည်။ မက်ဆီသည် ပွဲ ၇၁၀ ကစားခဲ့ရာ ပွဲ ၅၀ဝ အနိုင်ရပြီး ၁၃၁ ပွဲသရေ၊ ၇၉ ပွဲသာ ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် မက်ဆီသည် နျူးကမ့်ကွင်း၌ စုစုပေါင်းနိုင်ပွဲ ၂၈၅ ပွဲရရှိလာခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအတွက် ၆၂၁ ဂိုးသွင်းယူ ထားရာ ပီလီ၏စံချိန်ကိုလိုက်မီရန် အခွင့်အလမ်းပိုင်ဆိုင် ထားသည်။ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဟောင်း ပီလီသည် ဆန်းတို့စ်တစ်သင်းတည်းအတွက် စုစုပေါင်း ၆၄၃ ဂိုး သွင်းယူထားကြောင်း သိရသည်။

 



ဖတ်ရှုမှုအများဆုံး