အန်ဖီးလ်၌ ကစားခဲ့သည့် နောက်ဆုံးပရီးမီးယားလိဂ် ပွဲ ၂၀ နိုင်ပွဲရမှတ်တမ်း လီဗာပူးအသင်းရေးထိုး

အန်ဖီးလ်၌ ကစားခဲ့သည့် နောက်ဆုံးပရီးမီးယားလိဂ် ပွဲ ၂၀ နိုင်ပွဲရမှတ်တမ်း လီဗာပူးအသင်းရေးထိုး

လီဗာပူးအသင်းသည် ဖေဖော်ဝါ ရီ ၁ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အဖြစ် အိမ်ကွင်းတွင် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယပိုင်း သွင်းဂိုးများဖြင့် လေးဂိုးပြတ် အနိုင်ရ ကာ နိုင်ပွဲဆက်ခဲ့ကြောင်း သိရသည်။

လီဗာပူးသည် ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ရှုံးပွဲမရှိသေးဘဲ အကောင်းဆုံး ခြေစွမ်းပြကစားနေကာ ချန်ပီယံဆု ချိန်ရွယ်နေသည်။ လီဗာပူးသည် ဆောက်သမ်တန်ပွဲတွင် ပထမ ပိုင်း၌ ဂိုးမသွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများသွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။

လီဗာပူးအတွက် ဦးဆောင်ဂိုးကို ချိန်ဘာလိန်က ပွဲချိန် ၄၇ မိနစ်တွင် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဟန်ဒါဆန် က မိနစ် ၆၀ ၌ သွင်းယူပေးခဲ့သည်။ လီဗာပူးသည် နှစ်ဂိုးပြတ် ဦးဆောင် ခဲ့သော်လည်း တိုက်စစ်မချဘဲ ဆောက် သမ်တန်ကို ဖိအားပေးခဲ့သည်။ တောင် ပံတိုက်စစ်မှူး ဆာလက်ချ်မှာလည်း ခြေစွမ်းပြခဲ့ပြီး ပွဲချိန် ၇၁၊ ၉၀ ၌ ဂိုးများသွင်းယူပေးခဲ့သည်။ ဘရာဇီး တိုက်စစ်မှူး ဖာမီနိုမှာ ကိုယ်တိုင် ဂိုး မသွင်းနိုင်ခဲ့သော်လည်း ချိန်ဘာလိန်၊ ဟန်ဒါဆန်နှင့် ဆာလက်ချ်တို့ ဂိုးသွင်း နိုင်ရန် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့သည်။

နိုင်ပွဲဖန်တီးခဲ့သော လီဗာပူးသည် အန်ဖီးလ်၌ နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ပွဲ ၂၀ ဆက်တိုက် အနိုင်ရသော အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။ လီဗာပူးသည် ၁၉၇၂ ခုနှစ်က နည်းပြ ဘီလ်ရှန်ကလီ လက်ထက် အိမ်ကွင်းအဆင့်မြင့်တန်း ပွဲ ၂၀ အနိုင်ရခဲ့ဖူးသည်။ လီဗာပူးသည် ယခုနှစ် ပရီးမီးယားလိဂ် ၂၅ ပွဲကစား ပြီးချိန် ၂၄ ပွဲနိုင်၊ တစ်ပွဲ သရေ၊ သွင်း ဂိုး ၆၀၊ ပေးဂိုး ၁၅ ဂိုး၊ ၇၃ မှတ်ဖြင့် ဒုတိယနေရာမှ မန်စီးတီးကို အမှတ် ဖြတ်ကာ အဆင့်တစ်နေရာမှ ဆက် လက်ဦးဆောင်နေသည်။

ဆောက်သမ်တန်ပွဲပြီးနောက် အသင်းခေါင်းဆောင် ဟန်ဒါဆန်က "ပထမပိုင်းမှာ ခက်ခဲခဲ့ပါတယ်၊ ဆောက် သမ်တန်က အသင်းကောင်းပါ။ ကျွန် တော်တို့ ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ရလဒ်အတွက် ကျေနပ်မိပါတယ်"ဟု ပြောခဲ့သည်။ လီဗာပူးသည် ဖေဖော်ဝါရီ ၁၅ ရက် တွင် ပရီးမီးယားလိဂ်ပွဲအဖြစ် နောဝစ်ချ် နှင့် ကစားရမည်ဖြစ်ပြီး ပထမအကျော့ ကစားခဲ့စဉ်က လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။



ဖတ်ရှုမှုအများဆုံး