KBZ MS နှင့် KBZ Life မှ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် “Life Planner™ 2020 Kickoff” အား ကျင်းပ

KBZ MS နှင့် KBZ Life မှ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် “Life Planner™ 2020 Kickoff” အား ကျင်းပ

Life Planner™ 2020 Kickoff ကို ရန်ကုန်မြို့ Dolphin restaurant ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ Life Planner™ များ စုဝေးကာ မြန်မာနိုင်ငံ အာမခံလုပ်ငန်းအား ပိုမိုကောင်းမွန်လာစေရန်ဟူသော KBZ MS နှင့် KBZ Life တို့၏ ကတိပြုချက်ကို သရုပ်ဖော်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ KBZ MS နှင့် KBZ Life ကုမ္ပဏီနှစ်ခုလုံးအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် Life Planner™ များအား ပိုမိုဖြန့်ကျက်ကာ customer များအားလုံး၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် အားထုတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

“အခုလိုပွဲစီစဉ်တာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်ပါတယ်၊ ဒီပွဲလေးက မြန်မာနိုင်ငံ အာမခံလုပ်ငန်းကို ရှေ့တန်းတင် လုပ်ဆောင်တဲ့ လှုံ့ဆော်လှုပ်ရှားမှုနဲ့ အောင်မြင်မှုကို ဖော်ဆောင်တဲ့ပွဲလေး ဖြစ်ပါတယ်၊ ဒီအခမ်းအနားတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာမခံကုမ္ပဏီတွေရဲ့ နှစ်စဉ် calendar တွေမှာ အမြဲတမ်း ပြင်ဆင်ထားလေ့ရှိတဲ့ ပွဲတွေဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အရည်အချင်းရှိတဲ့ Life Planner™ တွေကို ရောင်းအားကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာစေဖို့ စိတ်ဓာတ်လှုံ့ဆော်ပေးတာဖြစ်ပြီး နှစ်အစမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုပုံစံဖြစ်တာကြောင့် ဒီနေရာမှာ ဦးဆောင်မိတ်ဆက်လိုက်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု KBZ MS ၏ CEO ဖြစ်သူ Mr. Anil Mancham က ပြောသည်။

KBZ MS နှင့် KBZ Life တို့အနေဖြင့် Life Planning Process မှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ အနာဂတ်ဘဝ လုံခြုံစိတ်ချမှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် “KBZ Life Planner™” အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ နှစ်ကုန်အထိ Life Planner™ ပေါင်း ၅၀၀ ကျော်သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး နောင်လာမည့် လများတွင် နိုင်ငံအနှံ့အပြား၌ Life Planner™ များ ပိုမိုများပြားစွာ လုပ်ကိုင်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“ကျွန်တော်တို့ Life Planner™ တွေက မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည် အမြင့်မားဆုံးဖြစ်ပြီး အကောင်းမွန်ဆုံး နိုင်ငံတကာ အဆင့်အတန်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု KBZ MS မှ Head of Commercial ဖြစ်သူ Mr. Jyothish Parameswaran Mohini ကပြောသည်။

KBZ MS နှင့် KBZ Life တို့၏ ဒုတိယဥက္ကဌ ဦးညိုမြင့်နှင့်တကွ စီမံခန့်ခွဲရေးရာ အဖွဲ့မှ KBZ Life Planner™ အသစ်များအား ကြိုဆိုနှုတ်ဆက်ရင်း ဦးတည်ချက်နှင့် ၂၀၂၀ အရောင်း target များအား ကြေညာရန်အတွက် အထက်ပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KBZ MS နှင့် KBZ Life တို့သည် Life Planner™ များနှင့်အတူ အာမခံလုပ်ငန်းတွင် ဦးဆောင်လျက်ရှိပြီး အရည်အသွေး ပြည့်မီသော Life Planning အကြံပြုချက်များ ပေးစွမ်းခြင်းအပေါ် စူးစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါအခမ်းအနားမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး