စပါးအသင်းအား နှစ်ဂိုးပြတ် ရှုံး နိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီ ယိုလာက ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ထိန်းသိမ်းရန်အတွက် လက် လျှော့စကားဆိုလိုက်ပြီး ပရီးမီးယား လိဂ်ထက် အခြားပြိုင်ပွဲများနှင့် လာ မည့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန် ပစ်မှတ်ထားရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပါးနည်းပြ မော် ရင်ဟိုသည် ပွဲထွက်လူစာရင်းတွင် တိုက်စစ်၌ မိုရာကို အားပြုကစားခဲ့ပြီး ကစားသမားသစ် ဘာ့ချ်ဝင်းကိုလည်း အသုံးပြုခဲ့သည်။ မန်စီးတီး တိုက်စစ် တွင် အဂူရို၊ စတာလင်းနှင့် မာရက်ဇ် တို့ပါဝင်ခဲ့ပြီး စပါးကို ရင်ဆိုင်ခဲ့သည်။
မန်စီးတီးသည် မိနစ် ၄၀ ၌ ပင် နယ်တီရခဲ့သော်လည်း ဂန်ဒိုဂန် ဂိုးဝင် အောင် မသွင်းနိုင်ခဲ့ပေ။ မန်စီးတီး နောက်ခံကစားသမား ဇင်ချန်ကိုမှာ ပွဲချိန် မိနစ် ၆၀ တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ စပါးသည် ဒုတိယပိုင်း ၆၃ မိနစ်တွင် ဦးဆောင် ဂိုးရရှိခဲ့ပြီး ဘာ့ချ်ဝင်းက သွင်းယူခဲ့ သည်။ စပါးအတွက် ဒုတိယဂိုးကို ဆွန်ဟောင်မင်က ၇၁ မိနစ်တွင် အန် ဒွန်ဘယ်လီ၏ ဖန်တီးမှတစ်ဆင့် သွင်း ယူပေးခဲ့သည်။
ယခုနှစ်ရာသီ ခြောက်ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲကြုံခဲ့ရသော မန် စီးတီးသည် ပွဲစဉ် ၂၅ အပြီး ၅၁ မှတ် သာရရှိကာ ဦးဆောင်သူ လီဗာပူးနှင့် ၂၂ မှတ် ကွာဟနေသည်။
စပါးနှင့် ပွဲအပြီး နည်းပြ ဂွာဒီယိုလာက "လီဗာပူး က ရှေ့ကပြေးနေပါတယ်။ သူတို့အသင်း ဟာ ရပ်တန့်မရတဲ့ အသင်းလည်းဖြစ် နေပါတယ်။ လီဗာပူးဟာ ရမှတ်တွေ အများကြီး စုဆောင်းထားပါတယ်။ ကျွန်တော်တို့ကတော့ ရမှတ်ဆုံးရှုံးတာ တွေရှိတယ်။ ကျွန်တော်တို့ရဲ့ ပစ်မှတ် ကတော့ အခြားပြိုင်ပွဲတွေမှာ အောင် မြင်မှုရရှိဖို့နဲ့ လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပါ"ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်က အခြား ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘန်လေနှင့် အာဆင်နယ် ဂိုးမရှိသရေကျခဲ့သည်။















