ကိုယ်ကြိုက်တာ ကိုယ်စား

ကိုယ်ကြိုက်တာ ကိုယ်စား

ဘုရားကျောင်းသွားတိုင်း ဘတ်စ်ကားပုံမှန်စီးနေသဖြင့် မျက်မှန်းတန်းမိနေသော အဖွားအိုက ယာဉ်မောင်းကို မြေပဲတစ်ထုပ်တစ်ပတ်တစ်ခါ ကားစီးတိုင်းပေးသည်။ သုံးလေးပတ် ကြာလာသောအခါ ယာဉ်မောင်းမှာ အားနာမိသဖြင့်

ယာဉ်မောင်း    –   ရပါတယ် အဘွားရယ်၊ ကျွန်တော့်အတွက် တကူးတက မြေပဲတွေ မယူလာပါနဲ့တော့။
အဖွား             –   ဟေ မင်း မကြိုက်ဘူးလားကွဲ့။
ယာဉ်မောင်း   –    ကြိုက်တော့ကြိုက်ပါတယ် အဘွား။ ဒါပေမဲ့ အားနာလို့ပါ။
အဖွား            –    ဘာမှ အားနာစရာမလိုပါဘူးကွယ် အဘွားက ချောကလက်ပဲ မြုံ့နိုင် တာလေ။ အထဲက မြေပဲတွေက မာလွန်းတော့ မဝါးနိုင်ဘူးကွဲ့။