မန်ယူ၏ စပိန်လေ့ကျင့်ခန်း အစီအစဉ်တွင် မတ်တွန်မီနေးပါဝင် ကစားသမားသစ် တိုက်စစ်မှူး အစ်ဟော်လို မပါဝင်နိုင်

မန်ယူ၏ စပိန်လေ့ကျင့်ခန်း အစီအစဉ်တွင် မတ်တွန်မီနေးပါဝင် ကစားသမားသစ် တိုက်စစ်မှူး အစ်ဟော်လို မပါဝင်နိုင်

ယခုနှစ် ဘောလုံးရာသီတွင် ပထမဆုံးအကြိမ် ဆောင်းရာသီ အားလပ် ရက် ရရှိထားသော မန်ယူအသင်းသည် အားလပ်ရက်အတွင်း စပိန်၌ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ရာ ဒဏ်ရာကြောင့် အနားယူနေရသည့် စကော့တလန် ကွင်းလယ်လူ မတ်တွန်မီနေးမှာ ကစား ဖော်များနှင့် ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ မတ်တွန်မီနေးသည် ယခုနှစ်ရာသီတွင် မန်ယူအတွက် ၂၁ ပွဲ ကစားခဲ့ပြီး ခြေစွမ်းပြနေသူဖြစ်သည်။ ၎င်းသည် ၂-ဝ၁၉ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်း ဒူးဒဏ်ရာကြောင့် အသင်း အတွက် ကစားနိုင်ခြင်း မရှိပေ။

မန်ယူ၏ စပိန်လေ့ကျင့်ခန်း အစီ အစဉ်တွင် အဓိက ကစားသမားများ ဖြစ်သည့် ပေါ့ဘာနှင့် ရက်ဖို့ဒ်တို့ ပါဝင်ခြင်းမရှိဘဲ ကျန်ကစားသမားများ စုံစုံလင်လင် ပါဝင်နေသည်။

မန်ယူ နည်းပြ ဆိုးလ်ရှားက ''မတ်တွန်မီနေး ရဲ့ဒဏ်ရာဟာ ကျွန်တော်တို့ထင်ထား တာထက် ပိုပြီး ကောင်းနေပါတယ်။ ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ် မှာ သူ ပါဝင်မှာပါ။ လေ့ကျင့်ခန်းမှာ သူ ပါဝင်နိုင်ဖို့လည်း မျှော်လင့်ထား ပါတယ်။ နောက်ခံလူ တူရန်ဇီဘီလည်း အသင်းနဲ့ ပူးပေါင်းနိုင်မှာပါ။ ရက်ဖို့ဒ် နဲ့ ပေါ့ဘာတို့ကတော့ လေ့ကျင့်ခန်း ဆင်းဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဂိုးသမား လီဂရန့်က ကံမကောင်းစွာ နဲ့ပဲ ဒဏ်ရာရခဲ့လို့ ခွဲစိတ်ကုသမှု ခံယူ ရမှာပါ။ သုံးလလောက် နားရမယ် ထင်တယ်။ ရာသီမကုန်မီ အသင်းနဲ့ သူ ပြန်လည်ပါဝင်ဖို့ မျှော်လင့်ထားပါ တယ်''ဟု ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေသည့် တရုတ်နိုင်ငံမှ အင်္ဂလန်သို့ အသင်း ပြောင်းလာခဲ့သော နိုင်ဂျီးရီးယား တိုက် စစ်မှူး အစ်ဟော်လိုမှာ ခရီးသွားလာရန် အဆင်မပြေဖြစ်နေ၍ မန်ယူ၏ စပိန် ခရီးစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ မန်ချက် စတာမြို့၌ ကျန်ရစ်ခဲ့သည်။

မန်ယူသည် ယူရိုပါလိဂ် လူစာရင်း၌ အစ် ဟော်လိုကို မှတ်ပုံတင်ထားကြောင်း သိရသည်။ မန်ယူသည် လာမည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ချယ်လ်ဆီး ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ဝ ရက်၌ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့အဖြစ် ဘရုဂျက်ကွင်း၌ ကစားရမည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး