အာဆင်နယ်နည်းပြ အာတီတာက ဇန်နဝါရီဈေးကွက်၌ အသင်းသို့ ပြောင်းရွှေ့လာခဲ့သော ဘရာဇီး နောက် ခံလူ ပါဘလိုမာရီမှာ နယူးကာဆယ် နှင့် ကစားမည့်ပွဲတွင် ပါဝင်နိုင်ရန် အဆင်သင့်ဖြစ်နေမည်ဟု အကောင်း မြင်နေသည်။
အာဆင်နယ်သည် ဇန် နဝါရီဈေးကွက် မပိတ်မီ ခံစစ်အားဖြည့် ခဲ့ပြီး ဖလာမင်ဂိုမှ ပါဘလိုမာရီနှင့် ဆောက်သမ်တန်မှ နောက်ခံလူ ဆိုအာ ရက်စ်တို့ကို ခေါ်ယူနိုင်ခဲ့သည်။ အာ ဆင်နယ် ကစားသမားသစ် နှစ်ဦးစလုံး သည် ဒူဘိုင်း၌ လေ့ကျင့်ခန်းပြုလုပ် နေသော အသင်းတွင် ပါဝင်နေသည်။
ကစားသမားသစ် နှစ်ဦးအနက်မှ ဆိုအာရက်စ်ထက် ပါဘလိုမာရီမှာ နယူးကာဆယ်ပွဲတွင် ပါဝင်နိုင်ရန် အခွင့်အလမ်းများကြောင်း အာဆင်နယ် နည်းပြ အာတီတာက ပြောကြားခဲ့သည်။
အာဆင်နယ်သို့ ရောက်ရှိလာခဲ့သော ပါဘလိုမာရီမှာ ပြီးပြည့်စုံသည့် နောက် ခံကစားသမားတစ်ဦးဖြစ်ပြီး လန်ဒန် ကလပ်၌ အောင်မြင်လိမ့်မည်ဟု ဘရာဇီး ဂန္ထဝင် ကစားသမားဟောင်း ရီဗယ်ဒိုက ပြောကြားခဲ့သည်။
မာရီမှာ တိုက်စစ်လိုက်ပါ ကစားရာတွင် ထူးချွန် ကြောင်း၊ ဘောလုံးပေးပို့မှု ကောင်းမွန် ကြောင်း၊ အာဆင်နယ်၌ ထွန်းတောက် လိမ့်မည်ဟု ရီဗယ်ဒိုက စတန်းဒက် စပို့စ်နှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြား ခဲ့သည်။ အာဆင်နယ်သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် နယူးကာဆယ်နှင့် ကစား မည်ဖြစ်သည်။















