ဝေးလ် တောင်ပံ တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် လာမည့် နွေရာသီ အပြောင်းအရွှေ့တွင် ရီးရဲလ်မက်ဒရစ် မှ ထွက်ခွာမည်မဟုတ်ကြောင်း ကစားသမား အေးဂျင့်က အေအက်စ်သတင်း စာနှင့် တွေ့ဆုံခဲ့ရာ၌ အသိပေးပြော ကြားခဲ့သည်။
ဂါရတ်ဘေးလ်သည် ဇန်နဝါရီဈေးကွက်အတွင်း အသင်း ဟောင်း စပါးသို့ ပြန်ရောက်မည်ဟု သတင်းထွက်ခဲ့သည်။ ဂါရတ်ဘေးလ် ၏အေးဂျင့်မှာ အသက် ၇ဝ အရွယ် ဂျိုနသန်ဘားနက်ဖြစ်ပြီး ဘေးလ်နှင့် ကာလရှည်ကြာစွာ လက်တွဲနေသူလည်း ဖြစ်သည်။
ဂါရတ်ဘေးလ်သည် ရီးရဲလ် ကစားသမားဘဝ၌ အနိမ့်အမြင့်များ ခဲ့ပြီး ရီးရဲလ်ပရိသတ်များနှင့်လည်း ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ဖူးသည်။ ဂါရတ်ဘေးလ်မှာ ရီးရဲလ်ကို စွန့်ခွာရန် ရှိကြောင်း မီဒီယာများက မကြာခဏ ရေးသားနေသည်။
ဘားနက်က ''ဘယ်သူတွေ ဘာ ပြောပြော ဂါရတ်ဘေးလ်ဟာ ရီးရဲလ် မက်ဒရစ်ကို ချစ်တဲ့သူပါ။ သူ့မိသားစု ကလည်း ဒီမှာ အသားကျနေပါတယ်။ အသင်းကလည်း သူ့ကို ဆက်ရှိစေ ချင်တယ်။ နည်းပြ ဇီဒန်းနဲ့လည်း ပြဿနာ မရှိဘူး။ လူတွေက သူတို့ လိုချင်တဲ့ပုံစံအတိုင်း ကြိုက်သလို ရေး ပါစေ။ ဒါတွေကို ကျွန်တော် ဂရုမစိုက်ဘူး''ဟု ပြောကြားခဲ့သည်။















