အိုဆာဆူနာကို ဂိုးပြတ်နိုင်ပြီး ဇယားထိပ်မှ ရီးရဲလ်ဦးဆောင်နေ

အိုဆာဆူနာကို ဂိုးပြတ်နိုင်ပြီး ဇယားထိပ်မှ ရီးရဲလ်ဦးဆောင်နေ

ရီးရဲလ်မက်ဒရစ်သည် ဖေဖော်ဝါရီ ၉ ရက်က လာလီဂါပွဲစဉ် ၂၃ အဖြစ် အိုဆာဆူနာကွင်းတွင် သွားရောက် ကစားခဲ့ရာ ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရအောင် ကစားခဲ့ကြောင်း သိရသည်။

အိုဆာဆူနာသည် ပွဲချိန် ၁၄ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သော်လည်း ၃၃ မိနစ်၌ အစ္စကို၏ဂိုးကို ခွင့်ပြုခဲ့ရ သည်။ ရီးရဲလ်အတွက် ဒုတိယဂိုးကို အသင်းခေါင်းဆောင် ရာမို့စ်က ၃၈ မိနစ်၌ သွင်းယူခဲ့သည်။ ရီးရဲလ်အတွက် ကျန်ဂိုးများကို ပွဲပြီးခါနီး ၁၀ မိနစ်အလို ဗက်ကွက်ဇ်နှင့် တိုက်စစ်မှူး ဂျိုဗစ် တို့က သွင်းယူခဲ့၍ ဂိုးပြတ်အနိုင်ရခဲ့သည်။

ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းသည် နည်းပြဟောင်းတစ်ဦးဖြစ်သော မော် ရင်ဟို၏ ရီးရဲလ်နည်းပြဘဝ လာလီဂါ နိုင်ပွဲအများဆုံး စံချိန်တစ်ခုကို ကျော် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ အိုဆာ ဆူနာကို အနိုင်ရခဲ့သောကြောင့် ဇီဒန်း သည် ရီးရဲလ်နည်းပြအဖြစ် လာလီဂါ နိုင်ပွဲ ၈၈ ပွဲအထိ ရှိလာခဲ့၍ မော်ရင်ဟို ၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဇီဒန်းသည် ရီးရဲလ်နည်းပြဘဝ လာလီဂါ နိုင်ပွဲရ အများဆုံးစာရင်းတွင် တတိယနေရာသို့ ရောက်ရှိခဲ့သည်။ ရီးရဲလ်ကို ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့သော နည်းပြ ဟောင်း မီဂွယ်မူနော့ဇ်နှင့် ဒယ်ဘော့ စကေးတို့မှာ ရီးရဲလ်နည်းပြဘဝ လာလီ ဂါနိုင်ပွဲရ အများဆုံး နည်းပြများဖြစ်ကြ သည်။

အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့ သော နောက်ခံလူ ရာမို့စ်မှာ ကစား သမားဟောင်း ဖာနန်ဒိုဟီယာရို၏ ရီးရဲလ်ကစားသမားဘဝ လာလီဂါ ပွဲထွက် အများဆုံးစံချိန်ကို ကျော်ဖြတ် နိုင်ခဲ့သည်။ ရာမို့စ်သည် ရီးရဲလ်နှင့် လာလီဂါ ပွဲ ၄၄၀ ကစားထားပြီး အသင်း၏ လာလီဂါ ပွဲထွက်အများဆုံး စာရင်းတွင် အဆင့်ငါးသို့ ရောက်လာ ခဲ့သည်။ ရာမို့စ်သည် ဆီဗီလာမှ ရီး ရဲလ်သို့ ပြောင်းလာခဲ့ပြီးနောက် ကာလ ကြာရှည်စွာ ကစားနေသည်။



ဖတ်ရှုမှုအများဆုံး