ဘာစီလိုနာ အဓိကတိုက်စစ်မှူး မက်ဆီသည် ဘက်တစ်အား သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ကစားဖော်များ ဂိုးသွင်းနိုင်ရန် ဖန်တီးမှု သုံးကြိမ်စလုံး ပြုလုပ်ကာ အကောင်းဆုံး ခြေစွမ်းပြခဲ့ကြောင်း သိရသည်။
ဘာစီလိုနာသည် ပွဲချိန် ခြောက်မိနစ်တွင် ပင်နယ်တီမှ ဂိုးပေးခဲ့ရသော်လည်း ပွဲချိန်ကိုးမိနစ်၌ မက်ဆီ၏ ဖန်တီးမှုမှတစ်ဆင့် ဒီဂျောင်က ဂိုးပြန်သွင်းခဲ့ သည်။ ဘက်တစ်သည် ၂၆ မိနစ်၌ ဒုတိယဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာ အတွက် ချေပဂိုးကို ဘက်စကွက်စ်က ၄၅ မိနစ်တွင် ပြန်လည် သွင်းယူခဲ့သည်။
အကြိတ်အနယ် ကစားရင်း ဘာစီ လိုနာအတွက် အနိုင်ဂိုးကို လန်ဂလက် က ၇၂ မိနစ်တွင် မက်ဆီ၏ဖန်တီးမှု မှတစ်ဆင့် သွင်းယူပေးခဲ့သည်။ ဘက် တစ်နှင့် ဘာစီလိုနာတို့၏ပွဲမှာ ပြိုင် ဆိုင်မှုပြင်းထန်ခဲ့ပြီး ဘက်တစ်မှ ဖီကာ နှင့် ဘာစီလိုနာမှ လန်ဂလက်တို့ အနီ ကတ် ပြထုတ်ပယ်ခံခဲ့ရသည်။
မက်ဆီသည် ယခုအခါ ပရိုကစား သမားဘဝ တစ်ပွဲတည်း ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်နိုင်သည်မှာ လေးပွဲ အထိ ရှိလာခဲ့သည်။ မက်ဆီသည် ၂၀၁၄ ခုနှစ်က လီဗန်တေးနှင့် စပိန် ဘုရင့်ဖလားပွဲတွင် ပထမဆုံးအကြိမ် ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ပေးခဲ့သည်။
မက်ဆီသည် ၂၀၁၆ ခုနှစ်က ဂီတာဖေးနှင့် လာလီဂါပွဲတွင် ဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ပါရာဂွေးနှင့် ကိုပါအမေရိကပွဲတွင် ဂိုးဖန်တီးမှု သုံးကြိမ်ထပ်မံ ပြုလုပ်နိုင် ခဲ့သည်။















