စီးရီးအေအမှတ်များလျော့နေသည့်အတွက် စီရိုနယ်ဒို ဒေါသထွက်

စီးရီးအေအမှတ်များလျော့နေသည့်အတွက် စီရိုနယ်ဒို ဒေါသထွက်

ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူများသည် လက်ရှိနည်းပြ ဆာရီကို သည်းခံနိုင်မှု ကုန်ဆုံးနေပြီး ရာသီသစ်၌ ဆာရီကို ထုတ်ပယ်၍ နည်းပြဂွာဒီ ယိုလာနှင့် အစားထိုးရန် ချိန်ရွယ်နေပြီ ဖြစ်ကြောင်း ဗြိတိန်သတင်းများက အခိုင်အမာ ဖော်ပြခဲ့သည်။

ဝါရင့် နည်းပြဖြစ်သော်လည်း အသက် ၆၁ နှစ်အရွယ် နည်းပြ ဆာရီလက်ထက် ဂျူဗင်တပ်စ်အသင်း၏ ရလဒ်များမှာ ယိမ်းယိုင်နေပြီး နောက်ဆုံး စီးရီးအေ သုံးပွဲကစားခဲ့ရာ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ ဂွာဒီယိုလာသည် ကမ္ဘာ့အကောင်းဆုံး နည်းပြများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး အင်္ဂလန်သို့ ရောက်ရှိလာပြီး နောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ဖလားအပါအဝင် ဖလားခြောက်ကြိမ် ပိုင်ဆိုင်ခဲ့သည်။

ဂွာဒီယိုလာသည် ဂျူဗင်တပ်စ် အသင်းအတွက် ၁၉၉၆ ခုနှစ်နောက် ပိုင်း ချန်ပီယံလိဂ်ဆုဖလား ရယူပေး နိုင်မည်ဟု ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက ယုံကြည်နေသည်။ ဂျူဗင်တပ်စ်သည် နည်းပြဟောင်း အယ်လီဂရီကို ပြန်ခေါ်မည်ဟု သတင်းထွက်ခဲ့ပြီးနောက် ဂွာဒီယိုလာကို ချိန်ရွယ်ထားကြောင်း သည်ဆန်းသတင်းစာက ရေးသားခဲ့သည်။

အသက် ၄၉ နှစ်အရွယ် နည်းပြ ဂွာဒီယိုလာသည် အီတလီစကား ကျွမ်းကျင်ပြီး ကစား သမားဘဝက ရိုးမားနှင့် ဘရက်ရှား တို့၌ ပါဝင်ကစားခဲ့ဖူးသည်။ ဂျူဗင်တပ်စ်သည် လက်ရှိတွင် နည်းပြသစ်အဖြစ် ဂွာဒီယိုလာကို ပထမဦးစားပေးထား ကြောင်း သိရသည်။ ဂွာဒီယိုလာသည် မန်စီးတီး၌ တစ်ရာသီ ပေါင် ၁၅ သန်း အကျိုးခံစားခွင့် ရှိနေသည်။ ဂျူဗင်တပ်စ် သည် ချန်ပီယံလိဂ် ဆုဖလား ပြန်လို ချင်၍ စီရိုနယ်ဒိုကဲ့သို့ ကစားသမား ကိုလည်း ခေါ်ယူထားသည်။ ဂျူဗင် တပ်စ်သည် ကိုးကြိမ်မြောက် စကူ ဒက်တိုဆုဖလား ဆွတ်ခူးရန် ယခုနှစ်၌ ပြိုင်ဘက် ပိုများလာသည်။

ဂျူဗင်တပ်စ် အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုသည် စီးရီးအေတွင် အမှတ် များလျော့နေသည့်အတွက် ဒေါသထွက် နေသည်။ စီရိုနယ်ဒိုသည် ဗီရိုနာပွဲ၌ ဂိုးသွင်းနိုင်ခဲ့၍ ဂျူဗင်တပ်စ် သမိုင်း တစ်လျှောက် စီးရီးအေ ၁ဝ ပွဲဆက် ဂိုးသွင်းနိုင်သော ပထမဆုံး ကစား သမားဖြစ်ခဲ့သော်လည်း အသင်းမှာ ရှုံးပွဲကြုံခဲ့သည်။ စီရိုနယ်ဒိုက ''ရလဒ် က ကျွန်တော်တို့ လိုချင်တဲ့ရလဒ်မဟုတ် ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်တွေပြည့်အောင် အလုပ်ကြိုးစား ရမှာပါ''ဟု ပြောကြားခဲ့သည်။ ဂျူဗင် တပ်စ်သည် စီးရီးအေ ပွဲစဉ် ၂၃ အပြီး အင်တာမီလန်နှင့် ရမှတ်တူနေသော် လည်း ဂိုးကွာခြားချက်အရ ဒုတိယ နေရာတွင် ရပ်တည်နေသည်။

 



ဖတ်ရှုမှုအများဆုံး