မန္တလေးတိုင်းအတွင်း အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုများနှင့်ပတ်သက်၍ အကူအညီတောင်းခံမှု ပိုများကြောင်း Justic For Allအဖွဲ့၏ ဒါရိုက်တာ မယမင်းဝါဝါမောင်က ပြောသည်။
Justic For Allအဖွဲ့သည် ၎င်းတို့ထံ အကူအညီတောင်းခံလာသည့် ဖြစ်စဉ်များတွင် အခမဲ့ကူညီပေးလျက် ရှိရာ အမျိုးသမီးအခွင့်အရေးဆုံးရှုံး မှုနှင့်ပတ်သက်၍ အကူအညီတောင်းခံမှု များပြားကြောင်းနှင့် ထိုအမှုများအတွက် တရားရေးအဖွဲ့များနှင့် နည်းလမ်း မှန်ကန်စွာဖြင့် ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးနေကြောင်း ယင်းအဖွဲ့မှ ဒါရိုက်တာဖြစ်သူ မယမင်းဝါဝါမောင်က ပြောသည်။
မန္တလေးမြို့ ၈၃ လမ်း၊၂၆ နှင့်၂၇ လမ်းကြား ရတနာသိင်္ဂီဟိုတယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီ ခွဲကပြုလုပ်သည့် လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးစကားဝိုင်းတွင် ပြောသည်။
''လူ့အခွင့်အရေးဆုံးရှုံးမှုမှာ ပထမ အဆင့်က အမျိုးသမီးများ၊ ဒုတိယမှာ ကလေးသူငယ်၊ တတိယမှာ LGBT လို အမျိုးသား၊ အမျိုးသမီးနဲ့ ပတ်သက်လို့ ခြုံပြောနိုင်တယ်။ အဲဒီနောက်မှာ လယ်ယာမြေအခွင့်အရေး ဆုံးရှုံးမှုတွေ ပါလာမယ်။ ကျွန်မတို့ဆီ တက်လာတဲ့ ထဲမှာ လယ်ယာမြေနဲ့ အမျိုးသမီး အခွင့်အရေးဆုံးရှုံးမှုက အများဆုံးပါ။ အဓိကက ရှေ့နေအခမဲ့လိုက်ပေးတယ်''ဟု ၎င်းကပြောသည်။
လူအခွင့်အရေးဆုံးရှုံးမှုများ ဖြေရှင်း ပေးရာ၌ ရှေ့နေအခမဲ့လိုက်ပေးခြင်း၊ အကြံပေးခြင်း၊ ဌာနဆိုင်ရာတို့နှင့်ညှိနှိုင်း ဖြေရှင်းပေးခြင်း၊ လူ့အခွင့်အရေး အသိပညာပေးခြင်းတို့ လုပ်ဆောင် လျက်ရှိရာ လူအခွင့်အရေးကာကွယ် စောင့်ရှောက်သူအဖွဲ့ဝင်များတွင် အခက် အခဲများတွေ့ကြုံရကြောင်း၊ လူအခွင့် အရေးဆုံးရှုံးမှုများ ထိရောက်စွာကာ ကွယ်နိုင်ရန် ဌာနဆိုင်ရာ တရားစွဲ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နည်းလမ်းမှန်ကန်စွာဖြင့် ကူညီဆောင် ရွက်နေကြောင်း သိရသည်။
လူ့အခွင့်အရေး စောင့်ရှောက်သူ များသည် အသားအရောင်၊ လူမျိုး မခွဲခြားဘဲ လူအခွင့်အရေးဆုံးရှုံးပါက မည်သူ့ကိုမဆို ကူညီနေပြီး တရားရေး တွင် သက်ဆိုင်သည့်ဥပဒေပုဒ်မများ နှင့် နည်းမှန်လမ်းမှန် အခမဲ့ကူညီဆောင် ရွက်ခြင်း၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနှင့် ဆွေးနွေးခြင်း၊ ပညာပေးခြင်းတို့ လုပ်ဆောင်ရာ၌ ကျူးလွန်သူများဘက်က တုံ့ပြန်မှုများ ရှိသကဲ့သို့ တချို့ဌာနများက နှောင့်ယှက် သည်ဟု ယူဆမှုများ ကြုံတွေ့ရသည် ဟုဆိုသည်။
''အခွင့်အရေးပြဋ္ဌာန်းချက်တွေ လိုက်နာမှုရှိလား၊ တစ်ခါတလေ ဥပဒေ က ရည်ရွယ်ချက်ကောင်းပြီး မူဝါဒ လည်းကောင်းအောင် ရေးဆွဲဖို့လို တယ်။ အခွင့်အရေး အလွန်အကျွံပေး လို့လည်းမဖြစ်ဘူး။ လူ့အခွင့်အရေး ပြောရင်းနဲ့ တစ်ဖက်သားအခွင့်အရေး ထိပါးမလားပေါ့။ လူ့အခွင့်အရေး ဆိုတာ နှစ်ဖက်စလုံးမျှတစွာရှိဖို့၊ ဥပဒေ ကလည်း မျှတမှန်ကန်ကောင်းမွန်ဖို့ လိုတယ်''ဟု ဆွေးနွေးသူ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင် အောင်က ပြောသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးတင်အောင်၊ တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်(ငြိမ်း) ဦးယုလွင်အောင်နှင့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင် သန်း (မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ် သောရှေ့နေများအသင်း)တို့ ဆွေးနွေး ခဲ့ကြသည်။
















