မန္တလေးမြို့၌ Covid -19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

မန္တလေးမြို့၌ Covid -19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် သီရိမာလာအရှေ့ရပ်ကွက် ၈၉ လမ်း၊ ၂၃-၂၄ လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ သီရိမန္တလာအဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီက Covid-19  ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူးဒေါက်တာကျော့ကျော့ခင်၊ မန္တလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာနှင်းရည်ဝင်းနိုင် (ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာခင်စန္ဒာ (ကျန်းမာပညာ) နှင့် တာဝန်ရှိသူများက ခရီးသည်တင်ယာဉ်ရပ်နားစခန်းရှိ လက်မှတ်အရောင်းဌာနများ၊ စားသောက်ဆိုင်များ၊ မော်တော် ယာဉ်မှူးများ၊ ခရီးသွားပြည်သူများကို  Covid-19  ၏ လက္ခဏာ များ၊ ရောဂါကူးစက်ပုံ၊ ရောဂါကာကွယ် နိုင်မည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး