ဒေါ့မွန်နှင့် ခြေစွမ်းပြနေသော နော်ဝေတိုက်စစ်မှူး ဟာလန်းသည် ပီအက်စ်ဂျီအား နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ပထမအကျော့တွင် ဂိုးများသွင်းခဲ့ ပြီးနောက် ကစားသမားဘဝမှတ်တမ်း ကောင်းများ ထပ်မံပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
ဒေါ့မွန် နည်းပြဖက်ရီသည် တိုက်စစ်၌ ဟာလန်းကို အထောင်ထားခဲ့ပြီး တောင်ပံနှစ်ဖက်တွင် ဆန်ချိုနှင့် သော် ဂန်ဟာဇက်တို့ ပါဝင်ခဲ့သည်။ ပီအက်စ်ဂျီ ပွဲထွက်လူစာရင်းတွင် နေမာ၊ အမ် ဘတ်ပီ၊ ဒီမာရီယာနှင့် ဗာရက်တီအစရှိ သော အဓိက ကစားသမားများ ပါဝင် ခဲ့သည်။ ဒေါ့မွန်သည် ပွဲချိန် ၆၉ မိနစ် ၌ ဦးဆောင်ဂိုးရခဲ့ပြီး ဟာလန်းက အနီးကပ်ပိတ်သွင်းယူခဲ့သည်။ ပီအက်စ် ဂျီအတွက် ချေပဂိုးကို နေမာက ၇၅ မိနစ်၌ အမ်ဘတ်ပီ၏ ဖန်တီးမှုမှတစ်ဆင့် သွင်းယူခဲ့သည်။ ဟာလန်းသည် ၇၇ မိနစ်တွင် ရေနာ၏ ဘောလုံးပေးပို့မှုမှတစ်ဆင့် ပင်နယ်တီဂိုးဧရိယာ ထိပ်မှ ဘယ်ခြေဖြင့် အပြင်းကန်သွင်း ခဲ့၍ ဒေါ့မွန်အနိုင်ရခဲ့သည်။
အသက် (၁၉) နှစ်အရွယ် ဟာလန်းသည် ချန်ပီယံလိဂ် ခုနစ်ပွဲသာကစား ပြီးချိန် အမြန်ဆုံး ၁၀ ဂိုးပြည့်လာသော ကစားသမားဖြစ်လာခဲ့သည်။ ဟာလန်းသည် အမ်ဘတ်ပီပြီးနောက် အသက် ၁၉ နှစ် ၂၁၂ ရက်ဖြင့် ချန်ပီယံလိဂ် ၁၀ ဂိုးပြည့်လာသော ဒုတိယမြောက် ဆယ်ကျော်သက် ကစားသမားဖြစ်နေသည်။ ဟာလန်းသည် ယခုရာသီတွင် ၃၇ ဂိုးထိသွင်းယူထားပြီး ကစားသမား ဘဝ ပွဲ ၁၀ဝ ကစားထားရာ ဂိုး ၆၀ သွင်းယူထားနိုင်သည်။
ထို့ပြင် ဟာလန်း သည် ယခုနှစ်ချန်ပီယံလိဂ်တွင် ဘာစီ လိုနာနှင့် အက်သလက်တီကို အသင်းတို့ ထက် ဂိုးပိုသွင်းနိုင်ကာ သွင်းဂိုး ၁၀ ဂိုးဖြင့် လီဝမ်ဒေါ့စကီးနှင့်အပြိုင် ဂိုး သွင်းအများဆုံး ကစားသမားဖြစ်နေ သည်။ ဟာလန်းသည် ဆဲလ်ဘတ်မှ ဒေါ့မွန်သို့ပြောင်းခဲ့ပြီးနောက် ခုနစ်ပွဲ ပါဝင်ခဲ့ရာ ၁၁ ဂိုးထိ သွင်းပေးထားသည်။ ပီအက်စ်ဂျီပွဲ၌ အကောင်းဆုံး ကစားသမားဆုရခဲ့သော ဟာလန်းက ဆုရခဲ့၍ ဂုဏ်ယူမိကြောင်း၊ ယခုထက် ပိုမို ခြေစွမ်းပြကစားနိုင်ဦးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ချန်ပီယံလိဂ် လက်ရှိချန်ပီယံ လီဗာပူးမှာ အက်သလက်တီကိုနှင့် ၁၆ သင်းအဆင့်ရှုံးထွက်၌ တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု မရခဲ့ဘဲ တစ်ဂိုးဂိုးမရှိဖြင့် အရှုံးပေးခဲ့ရသည်။ လီဗာပူးနည်းပြကလော့ပ်က "ကျွန်တော်တို့ရဲ့ လူတွေကတော့ အဆင်သင့်ပဲ။ ဒါကို ကျွန်တော် သိပါတယ်။ အန်ဖီးလ်က ကြိုဆိုနေပါတယ်။ ပွဲမပြီးသေးပါဘူး"ဟု သတိပေးခဲ့သည်။ လီဗာပူး နှင့် ပီအက်စ်ဂျီတို့သည် မတ် ၁၂ ရက်တွင် ဒုတိယအကျော့ အိမ်ကွင်းလက်ခံ ကစားရမည်ဖြစ်သည်။















