အီတလီနိုင်ငံမြောက်ပိုင်း၌ ကိုရို နာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် ဖေဖော်ဝါရီ ၂၁ ရက် အနှောင်းပိုင်း တွင် ပိုမိုဆိုးရွားလာခဲ့ပြီး ကြယ်ဝချမ်း သာသော လွမ်ဘာဒီဒေသ၌ ကိုရိုနာ ဗိုင်းရပ်စ်ရှိသူ ၁၄ ဦးနှင့် အနီးအနား ရှိ ဗနဲတိုတွင် နှစ်ဦးတို့ ရှိနေပြီဖြစ် ကြောင်း အီတလီကျန်းမာရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လွမ်ဘာဒီ၌ ကျန်းမာရေးဝန်ထမ်း ငါးဦးအပါအဝင် လူရှစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည် ဟု လွမ်ဘာဒီနယ် အစိုးရအရာရှိများ က ပြောဆိုခဲ့သည်။
အီတလီရှိ စီးပွားရေးမြို့တော် မီလန် အရှေ့တောင်ဘက်ရှိ မြို့ငယ် များစွာပါဝင်သော ဒေသတွင် ဗိုင်းရပ်စ် အဓိက ကူးစက်နေခြင်းဖြစ်ပြီး အများ ပြည်သူဆိုင်ရာ အခမ်းအနားများကို မကျင်းပဘဲ စာသင်ကျောင်းများကို ပိတ်ထားရန် အာဏာပိုင်များက ညွှန် ကြားခဲ့သည်။
ဗနဲတိုရှိ ဗိုင်းရပ်စ်ကူးစက်ခံထား ရသူနှစ်ဦးအနက် တစ်ဦးသည် ဖေဖော် ဝါရီ ၂၂ ရက်အစောပိုင်းတွင် သေဆုံး ခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင် များက ပြောဆိုခဲ့သည်။
ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မကြာသေးမီရက်များတွင် ပြင်ဆင် ထားခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးရောဘာတိုစပါရန်ဇာက ပြောဆို ခဲ့သည်။ ယခုကူးစက်ခံရသူတစ်ဦးတစ်ယောက်မျှ တရုတ်သို့သွားရောက်ခြင်း မရှိခဲ့သော်လည်း ပထမဆုံးကူးစက်ခံရသည့် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးမှာမူ တရုတ်သို့မကြာသေးမီကသွားရောက်ခဲ့သည့် မိတ်ဆွေတစ်ဦး နှင့်တွေ့ဆုံပြီးနောက် နေထိုင်မကောင်းဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၁ ရက်မတိုင်မီအထိ အီတလီ၌ ဗိုင်းရပ်စ်ကူးစက်ခံ ထားရသူသုံးဦးသာရှိခဲ့သည်။ ဝူဟန်မှရောမမြို့သို့လာရောက်သည့် တရုတ် နိုင်ငံသားခရီးသွားနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားကြောင်း ဇန်နဝါရီအကုန် ပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ပြင် ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူလာ သည့် အီတလီနိုင်ငံသား ၅၆ ဦးခန့်အနက် တစ်ဦးသည်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

















