တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် သတိပေးချက်အဆင့်ကို အမြင့်ဆုံးအထိသတ် မှတ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေ အင်က ဖေဖော်ဝါရီ ၂၃ ရက်တွင်ထုတ်ပြန် ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် COVID-19 ဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံရသူသစ် ၁၆၉ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ကူးစက်ခံထားရသူ ၆ဝ၂ ဦးရှိလာကာ ငါးဦး သေဆုံးခဲ့ပြီးနောက် မွန်းဂျေအင်သည် ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ်အဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကို အစ္စရေးက ပြန်လှည့်ရန်ညွှန်ကြားခဲ့ပြီးနောက် နှစ်နိုင်ငံကြား သံတမန်ရေးတင်းမာမှုများရှိလာ ခဲ့သည်။
COVID-19 ဖြစ်ရပ်သည် အလေး အနက်ထားရမည့် အလှည့်အပြောင်းဖြစ်ပြီး လာမည့်ရက်များသည် အရေးကြီးလာမည်ဖြစ် ကြောင်း၊ ကျွမ်းကျင်သူများ၏အကြံပြုချက် နှင့်အညီ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်သတိပေး ချက်ကို အမြင့်ဆုံးအထိတိုးမြှင့်ပြီး တုံ့ပြန် မှုကိုလည်း အကြီးအကျယ်လုပ်ဆောင်မည်
ဖြစ်ကြောင်း မွန်းကပြောဆိုခဲ့သည်။
၂ဝဝ၉ ခုနှစ်တွင် တောင်ကိုရီးယား၌ လူ ၂၆ဝ ကျော် သေဆုံးစေခဲ့သည့် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားစဉ်ကလည်း အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအထိသတ် မှတ်ခဲ့သည်။
အန္တရာယ်သတိပေးချက် အမြင့်ဆုံးသတ်မှတ်မှုကြောင့် အာဏာ ပိုင်များသည် စာသင်ကျောင်းများကို ယာယီပိတ်ထားပြီး အများပြည်သူ သယ်ယူပို့ဆောင်မှုနှင့် တောင်ကိုရီးယား အသွားအပြန် လေယာဉ်ခရီးစဉ်များကို လျှော့ချရန် ညွှန်ကြားခွင့်ရရှိမည်ဖြစ် သည်။
အထူးစောင့်ရှောက်ရေးဇုန် များအဖြစ် သတ်မှတ်ခံထားရသည့် ဒေဂူးမြို့နှင့် ချွန်းဒိုစီရင်စုတို့သို့ အစိုးရ နောက်ထပ်အကူအညီများ ပေးပို့နိုင် မည်ဖြစ်သည်။ ယင်းကြောင့် စည်းမျဉ်း ဟောင်းများအတိုင်း မကျင့်သုံးဘဲ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အထူး အာရုံစိုက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း မွန်းက ညွှန်ကြားခဲ့သည်။
တောင်ကိုရီးယား၌ ပဉ္စမမြောက် သေဆုံးသူသည် နာတာရှည်ကျောက် ကပ်ဝေဒနာရှင် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ကူးစက် ခံရသူသစ် ၁၁၃ ဦးသည် ဒေဂူးနှင့်ပတ်ဝန်းကျင်အရပ်များမှဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ လူနာ ၃ဝ၉ ဦး သို့မဟုတ် နိ်ုင်ငံတွင်းရှိ ရောဂါကူးစက်ခံထားရသူများအနက် ၅၅ ရာခိုင်နှုန်းကျော်သည် ဒေဂူးရှိ ရှင်ချွန်းဂျီဘုရားကျောင်းခွဲနှင့် ပတ် သက်မှုရှိနေကြောင်း ဌာနအကြီးအကဲ ဂျွန်အွန်ကျွံက ပြောဆိုခဲ့သည်။
လူနာအကုန်နီးပါးကို သီးခြား ထားရှိကာ စောင့်ကြည့်နေပြီး လူ ၆ဝ၃၉ ဦးအား စစ်ဆေးမှုများပြုလုပ် နေကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်း နိုင်ငံ ၂၉ နိုင်ငံတို့၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၈ဝဝဝ ကျော်ရှိနေသည်။

















