မျက်မှောက်ခေတ် ဘောလုံး ကမ္ဘာမှာ အချိန်ပေးပြီး စောင့်ကြည့်ရမယ့် လူငယ်ကစားသမားတွေ အများအပြားရှိနေရာမှာ အသက် ၁၉ နှစ်အရွယ် နော်ဝေတိုက် စစ်မှူး အာလင်းဟာ လန်းကတော့ အားလုံးထက် နှာတစ်ဖျားသာကာ ဘောလုံးစင်မြင့် ထက် နာမည်ကျော်ကြားနေပါတယ်။
ဟာလန်းဟာ သြစတြီးယားကလပ် ဆဲလ်ဘတ်မှာ ပါဝင်ကစားရင်း တိုက်စစ်မှူးကောင်းဖြစ်တယ်ဆိုတာကို ဂိုးတွေ ဒိုင်ခံသွင်းပြရင်း သက်သေပြခဲ့ပါတယ်။ ခြေစွမ်းကောင်းတဲ့ ဟာလန်းကို မန်ယူအပါအဝင် ဥရောပကလပ်တွေက အပြိုင်အဆိုင် စိတ်ဝင်စား ခဲ့ပြီး နောက်ဆုံးမှာတော့ ဒေါ့မွန်က ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းနဲ့ အရခေါ်ယူ ခဲ့ပါတယ်။
ဟာလန်းဟာ ဘယ်အသင်းကို ရောက်ရောက် ဂိုးသွင်းခြေစွမ်းရှိတယ်ဆိုတာကို သက်သေ ပြနေတာက ထင်ရှားပါတယ်။ ဟာလန်းဟာ ဝါဒါဘရီမင်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အသင်း အတွက် ဒုတိယဂိုးကို သွင်းယူနိုင် ခဲ့ပါတယ်။ ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ဟာလန်းဟာ ဒေါ့မွန် အတွက် ရှစ်ပွဲသာ ကစားရာမှာ ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ တာပါ။ ဟာလန်းဟာ ဒေါ့ မွန်မှာကစားရင်း ဘွန် ဒက်စ်လီဂါ စံချိန် ကောင်းတွေကို လည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဟာလန်းရဲ့ နောက်ထပ်စံချိန်တွေကိုလည်း မြင်ရဦးမှာပါ။
ဟာလန်းဟာ ၂၀၁၉–၂၀ ဘောလုံးရာ သီမှာ ကလပ် ကိုယ်စားပြု ပွဲ ၃၀ ကစားပြီးချိန် ဂိုး ၄၀- အထိ သွင်းယူ ထား ပါတယ်။ ဟာလန်း ဟာ ဒီရာသီ မှာ သူ့ရဲ့ဂိုး သွင်းနှုန်းအရ ၄၁ မိနစ်တိုင်း တစ်ဂိုးရနေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဆဲလ်ဘတ်အသင်းအတွက် ၂၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒေါ့မွန်အတွက် ၁၂ ဂိုး သွင်းယူထားပါတယ်။ သူဟာ ချန်ပီယံလိဂ်ပြိုင် ပွဲမှာသွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူခဲ့ပါတယ်။
အရပ်အမောင်းကောင်းပြီး တွန်းတွန်း တိုက်တိုက်ကစားတဲ့ ဟာလန်းဟာ ဂိုးဘယ် လိုသွင်းရမလဲဆိုတာ ကောင်းကောင်း နားလည် ထားပါတယ်။ ခြေစွမ်းပြနေတဲ့ ဟာလန်းဟာ ဘောလုံးကမ္ဘာမှာ ထွန်းတောက်လာဦးမယ့် ကြယ်တစ်ပွင့်ဖြစ်နေပါတယ်။ ဟာလန်းဟာ ၂၀၁၆ ခုနှစ်က ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း ဘောလုံးစင် မြင့်ထက်ကို ရောက်လာခဲ့ပါတယ်။ ဟာလန်းဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၀၁ ပွဲသာ ကစားပြီးချိန် ၆၁ ဂိုးအထိ သွင်းယူထားပါတယ်။ ဟာလန်းလို ဂိုးသွင်းကောင်းတဲ့ ကစားသမားကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာက ဒေါ့မွန် အသင်းအတွက် အင်မတန် အကျိုးရှိစေခဲ့ပါ တယ်။ ဘောလုံးပါရမီကောင်းတဲ့ ဟာလန်း အတွက်လည်း ဒေါ့မွန်ကို ရောက်ခဲ့တာက မှန် ကန်မှုရှိခဲ့တယ်။ ဂိုးသွင်းစက်ဖြစ်လာတဲ့ ဟာလန်း ရဲ့ ခြေစွမ်းကတော့ အင်မတန် စောင့်ကြည့်ချင် စရာကောင်းနေပါတယ်။
စီရိုနယ်ဒိုကို အားကျအတုယူတဲ့ ဟာလန်း ရဲ့ ဘောလုံးအနာဂတ်ဟာ တောက်ပနေတယ် လို့ ဆိုချင်ပါတယ်။















