ကူဝိတ်၊ ဘာရိန်းနှင့် အာဖဂန်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွေ့ရှိ

ကူဝိတ်၊ ဘာရိန်းနှင့် အာဖဂန်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွေ့ရှိ

ကူဝိတ်၊ ဘာရိန်းနှင့် အာဖဂန် နစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန များက ၎င်းတို့နိုင်ငံတွင် ပထမဆုံးအ ဖြစ် COVID-19ကိုရိုနာဗိုင်းရပ်စ် ကူး စက်ခံရသူများ တွေ့ရှိထားကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန် ထားသည်။
 

ကူဝိတ်တွင် COVID-19ကူး စက်သူ သုံးဦး၊ ဘာရိန်းတွင် တစ်ဦး တွေ့ရှိထားသည်။ ကူဝိတ်တွင် တွေ့ ရှိရသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံး ဦးသည် အီရန်၌ COVID-19ဗိုင်း ရပ်စ် အဓိကပျံ့နှံ့နေသည့် မက်ရှ်ဟတ် မြို့မှ ပြန်ခေါ်လာသူ ဦးရေ ၇ဝဝ ထဲ တွင် အပါအဝင်ဖြစ်ကြောင်း ကူဝိတ် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးထဲတွင် အသက် (၅၃)နှစ်အရွယ် ကူဝိတ်နိုင်ငံသားတစ်ဦး၊ (၆၁)နှစ်အ ရွယ် ဆော်ဒီနိုင်ငံသားတစ်ဦးနှင့် (၂၁) နှစ်အရွယ် နိုင်ငံမဲ့ အာရပ်တစ်ဦးတို့ ပါဝင်သည်။ 

ဘာရိန်းတွင်လည်း အီရန်မှပြန်လာသည့် ဘာရိန်းနိုင်ငံ သားတစ်ဦးကို ဗိုင်းရပ်စ်သံသယရှိသဖြင့် စစ်ဆေးရာ COVID-19ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည် ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၄ ရက်အထိ နောက်ဆုံးရ စာရင်းများအရ COVID-19ကြောင့် သေဆုံးသူ ၁၂ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။အာဖဂန်နစ္စတန် အနောက်ပိုင်း ဟာရတ်ပြည်နယ် တွင်လည်း COVID-19ဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦးကို တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဟာရတ်ပြည်နယ်သည် အီရန်နှင့် နယ်စပ်ချင်း ကပ်နေသောကြောင့် ပြည်နယ်အတွင်း ကျန်းမာရေးအရေး ပေါ် အခြေအနေ ကြေညာထားကြောင်း အာဖဂန်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူသည် ပြီးခဲ့သည့်ရက်ပိုင်းက အီရန်မှ ပြန်လာသူဖြစ်ကြောင်း သိရသည်။