ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံထုတ်ပေးရန် ကွန်ဂရက်စ်အား ထရမ့်အစိုးရတောင်းဆို

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံထုတ်ပေးရန် ကွန်ဂရက်စ်အား ထရမ့်အစိုးရတောင်းဆို

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အသုံးပြုရန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံထုတ်ပေးရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အစိုးရက ကွန်ဂရက်စ်အားတောင်းဆိုထားကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

ဒေါ်လာ ၁ ဘီလျံကျော်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကပြောဆိုခဲ့သည်။ ထရမ့်အစိုးရသည် ကာကွယ်ဆေးထုတ်လုပ်မှုအရှိန်မြှင့်ရန်၊ ကြိုတင်ပြင်ဆင်မှုကိုုအင်အားဖြည့်ရန်နှင့် လိုအပ်သော ပစ္စည်းကိရိယာများကို ဝယ်ယူရန် ကွန်ဂရက်စ်ထံမှ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတောင်းခံထားကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ၏အသုံးစရိတ်နည်းပါးနေချိန်တွင် ထရမ့်အစိုးရက အထက်ပါအတိုင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် လူသားရေးရာဝန်ကြီးဌာန(HHS) သည် အရေးပေါ်ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေများရရှိခဲ့ပြီးဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အခြား HHS ငွေစာရင်းများထဲမှ ဒေါ်လာ သန်း ၁၃၀ ကျော်ကိုရရှိရေးအတွက်လည်း ကြိုးပမ်းနေသည်။

ထရမ့်ကလည်း ကွန်ဂရက်စ်ထံမှ ငွေကြေးတောင်းခံမှုကို ခုခံပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗို်ုင်းရပ်စ်ပျံ့နှံ့မှုကို လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ရောဂါထိန်းချုပ်ရေးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တို့ ပူးပေါင်းကာ စမတ်ကျကျ လုပ်ဆောင်နေကြောင်း ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။