အမေရိကန်ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ နည်းပါးကြောင်း သမ္မတထရမ့်ကပြော

အမေရိကန်ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ နည်းပါးကြောင်း သမ္မတထရမ့်ကပြော

အမေရိကန်ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ အင်မတန်နည်းပါးကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။

တရုတ်မှ ခရီးသွားများအား နိုင်ငံတွင်းဝင်ရောက်ခွင့်ကန်သတ်ခြင်းအပါအဝင် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ခဲ့သည့်အတွက် အမေရိကန်ပြည်သူများ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေနည်းပါးကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထုတ်လုပ်ရန်၊ ကူးစက်ခံထားရသူများကို ကုသရန်နှင့် လိုအပ်သော ဆေးကုသရေးပစ္စည်းကိရိယာများကို ဝယ်ယူရန်တို့အတွက် ထရမ့်အစိုးရသည် ကွန်ဂရက်စ်ထံမှ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတောင်းခံထားသည်။

ကွန်ဂရက်စ်ထံမှ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတောင်းခံထားပြီး ဒီမိုကရက်အမတ်များက ပိုပေးလျှင်လည်း လက်ခံမည်ဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က ဦးဆောင်မည်ဖြစ်ကြောင်း ထရမ့်က ထုတ်ပြန်ခဲ့သည်။

၎င်းကဲ့သို့ ရောဂါပိုးကူးစက်မှုကို စိုးရိမ်ခြင်းသည် ဗိုင်းရပ်စ်မှ ကာကွယ်ပေးနိုင်သည့် နည်းလမ်းဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် အကြံပေးခဲ့သည်။ ထရမ့်သည် မကြာခဏလက်ဆေးတတ်သူဖြစ်သည်။ မကြာလက်ဆေးခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် အထိရောက်ဆုံးဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

"လက်ကိုဆေး၊ သန့်ရှင်းအောင်နေ၊ လှေကားလက်ရမ်းတွေကို တတ်နိုင်သရွေ့မကိုုင်ဖြစ်အောင် သတိထား၊ တစ်ယောက်ယောက် နှာချေပြီဆိုရင် ကျွန်တော် အဝေးကိုပြေးတာပဲ" ဟု ထရမ့်ကပြောဆိုခဲ့သည်။