ယူရိုပါလိဂ် ၁၆သင်းရှုံးထွက်အဆင့် မဲခွဲပွဲကျင်းပ ဆီဗီလာနှင့် ရိုးမားတို့တွေ့ဆုံကာ မန်ယူပွဲချောင်

ယူရိုပါလိဂ် ၁၆သင်းရှုံးထွက်အဆင့် မဲခွဲပွဲကျင်းပ ဆီဗီလာနှင့် ရိုးမားတို့တွေ့ဆုံကာ မန်ယူပွဲချောင်

ယူရိုပါလိဂ် ၁၆သင်းရှုံးထွက်အဆင့်မဲခွဲပွဲကိုဥရောပဘောလုံးအဖွဲ့ချူပ်  ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံနီယွန်မြို့၌ ကျင်းပခဲ့ရာ ယူအီးအက်ဖ်အေနှင့်သက် ဆိုင်ရာအသင်းများမှ တာဝန်ရှိသူများ ကိုယ်စီတက်ရောက်ခဲ့ကြပြီး  ချန်ပီယံဟောင်း အသင်းတစ်သင်း ဖြစ်သည့် မန်ယူမှာ သြစတြီးယားကလပ် LAS နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

မန်ယူသည် ၃၂ သင်းအဆင့်၌ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်ကို နှစ်ကျော့ပေါင်း ခြောက်ဂိုးတစ်ဂိုးဖြင့် အနိုင်ယူကာ ၁၆ သင်းအဆင့်တွင် ပထမအကျော့ အဝေးကွင်းကစားရမည်ဖြစ် သည်။

အခြားပရီးမီးယားလိဂ် ကိုယ်စားပြု ဝုလ်ဗာဟမ်တန်မှာ ၁၆သင်းအဆင့်၌ အိုလံပီယာကို့စ်နှင့် တွေ့ဆုံနေသည်။ ၁၆သင်းအဆင့်၌ အီတလီ ကိုယ်စားပြုအသင်းများအဖြစ် အင်တာမီလန်နှင့် ရိုးမားတို့ပါဝင်ခဲ့သည်။

အင်တာမီလန်သည် ၁၆ သင်းအဆင့်၌ စပိန်လာလီဂါကလပ်  ဂီတာဖေးနှင့်ကစားရမည်ဖြစ်ပြီး ရိုးမားမှာ ယူရိုပါလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်း ဆီဗီလာနှင့် တွေ့ဆုံနေသည်။ ၁၆ သင်း အဆင့် အခြားပွဲစဉ်အတွဲများအရ ဘာဆက်ခ်ဆီဟာ - ကိုပင်ဟေဂင်      ရိန်းဂျား - လေဗာကူဆင် ဝုလ်ဘတ် - ရှက်တာဒိုးနက် ဖရန့်ဖတ်(သို့မဟုတ်)ဆဲလ်ဘတ် -  ဘေဆယ်တို့ ကစားရမည်ဖြစ်ကြောင်း သိရသည်။

၁၆သင်းအဆင့်ရှုံးထွက်ပထမအကျော့ကိုလာမည့် မတ် ၁၂ ရက်၌ ကစားမည်ဖြစ်ပြီး ဒုတိယ အကျော့ကို မတ် ၁၉ရက်တွင်ယှဉ်ပြိုင် မည်ဖြစ်သည်။ကွာတားဖိုင်နယ်အဆင့်မဲခွဲပွဲကို လာမည့် ၂၀၂၀ပြည့်နှစ် မတ် ၂၀  ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ဆီမီးဖိုင်နယ် ပထမအကျော့ကို ဧပြီ ၃၀ရက်၌ လည်းကောင်း၊ ဒုတိယအကျော့ကို မေ ၇ရက်တွင်လည်းကောင်း ကစားကြမည်ဖြစ်သည်။

ယခုနှစ် ဗိုလ်လုပွဲကိုလာမည့် မေ ၂၇ ရက်တွင်  ပိုလန်နိုင်ငံရှိ Stadion Energa Gdańsk ကွင်း၌ကစားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး