အီရန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၉၃ ဦးရှိနှင့် သေဆုံးသူ ၄၃ ဦးရှိနေ

အီရန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၉၃ ဦးရှိနှင့် သေဆုံးသူ ၄၃ ဦးရှိနေ

အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၄၃ ဦးနှင့် ကူးစက်ခံ ထားရသူဦးရေသည် ၅၉၃ ဦးရှိနေပြီ ဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီး ဌာန၏ပြောခွင့်ရှိသူ ကီယာနုဂျဟန်ပူရက ဖေဖော်ဝါရီ ၂၉ ရက်တွင် နိုင်ငံပိုင်ရုပ်သံဌာနသို့ ပြောဆိုခဲ့သည်။
 

လွန်ခဲ့သော ၂၄ နာရီအတွင်းက ကိုရို နာဗိုင်းရပ်စ်ဖြင့် လူကိုးဦးသေဆုံးခဲ့သော ကြောင့် ယခုအချိန်တွင် သေဆုံးသူ ၄၃ ဦးရှိနေပြီဖြစ်ကြောင်း ဂျဟန်ပူရကပြော ဆိုခဲ့သည်။

တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံး ရှိခဲ့သည့် အီရန်သည် လာမည့်ရက်သတ္တ ပတ်အနှောင်းပိုင်းအထိ စာသင်ကျောင်း များကိုပိတ်ပင်ထားရန် ညွှန်ကြားထားပြီး ဖြစ်သည်။

ဒုတိယသမ္မတတစ်ဦး၊ ကျန်းမာရေး ဒုတိယဝန်ကြီးနှင့် လွှတ်တော်အမတ်ငါးဦး တို့အပါအဝင် အဆင့်မြင့်အရာရှိများစွာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမတ်တစ်ဦးသည် လည်း ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးခဲ့ ကြောင်း အီရန်မီဒီယာများက ဖေဖော်ဝါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက်နှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၂၁၉ ဦးရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက် ခံရသူ ၃၁၅ဝ ဦးရှိသွားပြီဖြစ်ကြောင်း ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(ုဃီဃ)က ထုတ်ပြန်ခဲ့သည်။

အီတလီနိုင်ငံသို့ မကြာသေးမီတွင် သွားရောက်ခဲ့သည့် အသက်(၄ဝ)ကျော် အရွယ်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု အိုက်စလန်အရပ်ဘက်ကာ ကွယ်ရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာန က ဖေဖော်ဝါရီ ၂၈ ရက်နှောင်းပိုင်း တွင်ထုတ်ပြန်ခဲ့သည်။