မန်ယူ တိုက်စစ်မှူး တစ်ဦးဖြစ်သူ မာရှယ်သည် ယနေ့ည ကစားမည့် အဲဗာ တန်နှင့်ပွဲ၌ ပါဝင်ကစားရန် ကြံ့ခိုင်မှု အခြေအနေ စောင့်ကြည့်နေရကြောင်း သိရသည်။ ပြင်သစ်တိုက်စစ်မှူး မာရှယ် သည် လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိ ခဲ့သူဖြစ်ပြီး ဘရုဂျက်အား ငါးဂိုးပြတ် အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက် ဒုတိယအကျော့ပွဲကို လွဲချော် ခဲ့သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့က ပြုလုပ် ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်၌ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့သူဖြစ်သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ''မာရှယ်ရဲ့ဒဏ်ရာက တံကောက်ကြော မဟုတ်သလို ပေါင်ခြံဒဏ်ရာလည်း မဟုတ်ဘူး။ ဒူးနားဝန်းကျင်မှာ ဒဏ်ရာ ရနေတာပါ''ဟု ပြောကြားခဲ့သည်။
ယခုနှစ်တွင် မန်ယူအတွက် ၁၅ ဂိုး သွင်းယူထားသော မာရှယ်သာ အဲဗာတန် ပွဲ၌ မပါဝင်နိုင်ပါက နိုင်ဂျီးရီးယား တိုက် စစ်မှူး အီဂါလို ပါဝင်ကစားနိုင်မည် ဖြစ် သည်။ မန်ယူ၌ ပေါ့ဘာ၊ ရက်ဖို့ဒ်နှင့် လီဂရန့်တို့မှာ ဒဏ်ရာကြောင့် အနားယူ နေရဆဲဖြစ်သည်။ အဲဗာတန် ကစားသမား နှစ်ဦးဖြစ်သည့် ဝဲလ်ကော့နှင့် ဒစ်ဂနီတို့မှာ ဒဏ်ရာကြောင့် မန်ယူပွဲ လွဲမည်ဖြစ်သည်။















