ထီ ကျပ်သိန်းတစ်သောင်းခွဲဆု မန္တလေးမြို့မှ ထီလှည်းဖြင့် ရောင်းသူ ဆွတ်ခူး

ထီ ကျပ်သိန်းတစ်သောင်းခွဲဆု မန္တလေးမြို့မှ ထီလှည်းဖြင့် ရောင်းသူ ဆွတ်ခူး

၂၀၂၀ ခုနှစ် မတ် ၁ ရက်က ဖွင့်သည့် ၁၃ ကြိမ်မြောက် အောင်ဘာလေထီ အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့ ၇၂ လမ်း၊၃၆ လမ်း၊ဒိုင်တော်ရပ်ကွက်၌ အိမ်ငှားနေထိုင်ပြီး ထီလက်မှတ်ရောင်းချသူ မိသားစုက လက်ကျန်ထီလက်မှတ်များမှ ဆွတ်ခူးရရှိခဲ့သည်

ထီပေါက်သူ ကိုအေးမင်းထွန်း မဝင်းခိုင်မိသားစုသည် လက်တွန်းလှည်းဖြင့် မန္တလေးမြိုတွင် ထီလက်မှတ် လှည့် လည်ရောင်းချသူများဖြစ်ပြီး လက်ကျန်ထီလက်မှတ် ၅ စောင်ကို မရောင်းဘဲ ကိုယ်တိုင်ထီထိုးရာမှ ဠ-၂၇၇၄၆၅ နံပတ်ဖြင့် ဆွတ်ခူး ရရှိခဲ့သည်ဟုသိရသည်။

“ထီမဖွင့်ခင် ညက ထီလက်မှတ် ၁၀ စောင်ကျန်နေတော့ တခြားသူကို ၅ စောင်ရောင်းလိုက်ပြီး ကျန်တာကို ယူထားလိုက်တဲ့ထဲက ပေါက်တာပါ။ မရောင်းတော့ဘူးဆိုပြီး ယူထားလိုက်တယ်။ထီပေါက်တယ်ဆိုတော့ ရင်ထဲမှာ စို့သွားတယ်။ဝမ်းသာတာပေါ။့ထီဆိုင်ဖွင့်ပြီး ထီပဲ ဆက်ရောင်းမယ်”ဟု ကိုအေးမင်းထွန်းက ပြောသည်။

၎င်းတို့မိသားစုသည် မကွေးတိုင်း၊ပြည်မြို့နယ်မှ ဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ငှားနေထိုင်ကာ စားဝတ်နေရေး အတွက် လစဉ်ထီရောင်းချခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ၊အောင်ဘာလေထီအမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ် သောင်းခွဲဆွတ်ခူးရရှိသူများတွင် ဧရာဝတီတိုင်းမှ ၅ ကြိမ်၊မန္တလေးတိုင်းမှ ယခုအပါအဝင် ၄ ကြိမ်၊တနသာၤရီ တိုင်းနှင့် ရှမ်းပြည်နယ်တို့မှ တစ်ကြိမ်စီ ဖြစ်ကြောင်းသိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး