ကျပ်သိန်းတစ်သောင်းခွဲထီဆုကို မန္တလေးတွင် ထီရောင်းသူက ဆွတ်ခူး

ကျပ်သိန်းတစ်သောင်းခွဲထီဆုကို မန္တလေးတွင် ထီရောင်းသူက ဆွတ်ခူး

ယနေ့ မတ်လ၁ ရက်နေ့တွင် ဖွင့်လှစ်သည့် ၁၃ ကြိမ်မြောက် အောင်ဘာလေထီ အမြင့်ဆုံးဆုငွေကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့ ၇၂ လမ်း၊၃၆ လမ်း၊ဒိုင်တော်ရပ်ကွက်၌ အိမ်ငှားနေပြီး ထီလက်မှတ်ရောင်းချသူ မိသားစုက ဆွတ်ခူးခဲ့သည်။

ထီပေါက်သူ ကိုအေးမင်းထွန်း၊ မဝင်းခိုင်မိသားစုသည် လက်တွန်းလှည်းဖြင့် မန္တလေးတွင်ထီလက်မှတ်လှည့် လည်ရောင်းချသူများဖြစ်ပြီးလက်ကျန်ထီလက်မှတ် ၅ စောင်ကို မရောင်းဘဲ ကိုယ်တိုင်ထီထိုးရာမှ ဠ-၂၇၇၄၆၅ နံပါတ်ဖြင့် ဆွတ်ခူးရရှိခဲ့သည်။

“ထီမဖွင့်ခင် ညက ထီလက်မှတ် ၁၀ စောင်ကျန်နေတော့ တခြားသူကို ၅ စောင်ရောင်းလိုက်ပြီး ကျန်တာကို ယူထားလိုက်တဲ့ထဲက ပေါက်တာပါ။ မရောင်းတော့ဘူးဆိုပြီး ယူထားလိုက်တယ်။ထီပေါက်တယ်ဆိုတော့ ရင်ထဲမှာ ဆို့သွားတယ်။ဝမ်းသာတာပေါ့။့ထီဆိုင်ဖွင့်ပြီး ထီပဲ ဆက်ရောင်းမယ်”ဟု ကိုအေးမင်းထွန်းက ပြောသည်။

၎င်းတို့မိသားစုသည် မကွေးတိုင်းဒေသကြီး၊ပြည်မြို့နယ်မှဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ငှားနေထိုင်ကာ စားဝတ်နေရေး အတွက် လစဉ်ထီရောင်းချခြင်းဖြစ်သည်။

အောင်ဘာလေထီအမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ် သောင်းခွဲဆွတ်ခူးရရှိသူများတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၅ ကြိမ်၊မန္တလေးတိုင်းဒေသကြီးမှ ယခုအပါအဝင် ၄ ကြိမ်၊တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ တစ်ကြိမ်စီ ပါဝင်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး