တောင်ကိုရီးယား၌ မတ် ၁ ရက်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၅၈၆ ဦးရှိခဲ့သော ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၃၇၃၆ ဦးရှိသွားပြီဖြစ်ကြောင်းကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး ဌာန(KCDC)က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားသည် တရုတ်နိုင်ငံပြင်ပ တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံး ရှိနေသည့်နိုင်ငံဖြစ်သည်။ သေဆုံးသူ ၁၇ ဦး ရှိနေပြီး ပြောင်းလဲခြင်းမရှိသေးကြောင်း KCDCက ထုတ်ပြန်ခဲ့သည်။
ကူးစက်ခံရသူများအနက် ရာခိုင်နှုန်း ၉ဝ သည် ဒေဂူးမြို့နှင့် ပတ်ဝန်းကျင်ရှိ မြောက်ဂျွန်ဆန်း ခရိုင်တို့မှဖြစ်ကြသည်။ သို့သော် တရုတ်နိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့တွင် ကျင့်သုံးသကဲ့သို့ ဒေဂူးမြို့ကို လူဝင်လူထွက်ပိတ်ပင်ရန် မရှိသေးကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံ၌ မတ် ၁ ရက်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်သူသစ် လေးဦးရှိခဲ့ပြီး တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် ကူးစက်ခံထားရသူ ၂၉ ဦးရှိသွားပြီဖြစ်ကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူးဟီရှမ်အဗ္ဗဒူလာက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌လည်း သွေးလွန်တုပ်ကွေး ရောဂါအခံရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ ရသည့် အမျိုးသားတစ်ဦး သေဆုံးသွားပြီဖြစ် ကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဌာနက မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။အသက် (၃၅)နှစ်အရွယ် အဆိုပါအမျိုးသားသည် ထိုင်း နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံးသေဆုံး ခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂ ဦးရှိနေပြီး ၃ဝ ဦးသည် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့် ရရှိခဲ့ကာ ၁၁ ဦးမှာမူ ကုသမှုခံယူနေရဆဲ ဖြစ်သည်။

















