ဂျူဗင်တပ်စ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်း

ဂျူဗင်တပ်စ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်စိုးရိမ် ရသောကြောင့် ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူများသည် အသင်း၏ လေ့ ကျင့်ခန်းအစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း အီတလီသတင်းများက ဖော်ပြ ခဲ့သည်။

အီတလီမြောက်ပိုင်းဒေသ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိနေပြီး အကျိုးဆက်အနေဖြင့် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့၏ ပွဲအပြင် အခြား စီးရီးအေ ပွဲအချို့ကိုလည်း ရွှေ့ဆိုင်း ခဲ့ရပြီးဖြစ်သည်။ ဂျူဗင်တပ်စ် ယူ–၂၃ အသင်းသည် ဖေဖော်ဝါရီ ၂၃ ရက်က စီးရီးစီပွဲအဖြစ် ပီယန်နက်စီနှင့် ယှဉ်ပြိုင်ခဲ့သည်။

ပီယန်နက်စီ ကစားသမားသုံးဦး နှင့် နည်းပြတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ ပီယန်နက်စီနှင့် ကစားခဲ့ပြီးနောက် ဂျူဗင်တပ်စ်ယူ–၂၃ ကစားသမားများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမရှိသေးသော်လည်း ကြို တင်ကာကွယ်သည့်အနေဖြင့် အသင်း ပြုလုပ်ရမည့် လေ့ကျင့်ခန်း အစီအစဉ် များကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများကလည်း ဂျူဗင်တပ်စ် ယူ–၂၃ ကစားသမားများ၏ ကျန်းမာ ရေးအခြေအနေကို စောင့်ကြည့်နေပြီး သီးသန့်ထားရှိကြောင်း သိရသည်။

အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေမှာ အယောက် ၁ဝဝဝ ကျော်ရှိနေပြီး အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (ွျှံဥ) က ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများသည့် အမြင့်ဆုံးအဆင့် သို့ ရောက်နေကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

 



ဖတ်ရှုမှုအများဆုံး