မန်ယူ၏ ဖေဖော်ဝါရီတစ်လတာ အကောင်းဆုံးဆု ဖာနန်ဒက်စ်ရရှိ

မန်ယူ၏ ဖေဖော်ဝါရီတစ်လတာ အကောင်းဆုံးဆု ဖာနန်ဒက်စ်ရရှိ

မန်ယူသည် မတ်လ ၁ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အဖြစ် အဲဗာတန်ကွင်း၌ သွားရောက်ကစား ခဲ့ရာ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်၏ ချေပဂိုးကြောင့် တစ် ဂိုးစီ သရေကျခဲ့ပြီး နိုင်ပွဲရပ်တန့်ခဲ့ ကြောင်း သိရသည်။

မန်ယူ ပွဲထွက် လူစာရင်းတွင် မာရှယ်၊ ဂရင်း-ဝုဒ်၊တွန် မီနေး၊ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်နှင့် မာတစ်တို့ ပါဝင်ခဲ့သည်။ အဲဗာတန် တိုက်စစ်ကို ရစ်ချာလီဆန် ဦးဆောင် ခဲ့ပြီး အဓိက ကစားသမားများ ပါဝင် ခဲ့သည်။ မန်ယူဂိုးသမား ဒီဂီယာသည် ပွဲချိန် သုံးမိနစ်၌ ဂိုးရှေ့သို့ ဘောလုံး ကန်တင်ခဲ့ရာ ကယ်လ်ဗတ်လီဝင်က ရှေ့မှဖြတ်၍ တားဆီးစဉ် ဂိုးဝင်သွား ခဲ့၍ အဲဗာတန်မှာ အဖွင့်ဂိုးရခဲ့သည်။

အဲဗာတန် ရရှိခဲ့သောဂိုးမှာ မန်ယူ ဂိုးသမား ဒီဂီယာ၏ အမှားကြောင့်လည်း ဖြစ်သည်။ မန်ယူသည် ပွဲချိန် ၃၁ မိနစ်၌ ချေပဂိုး ရရှိခဲ့ပြီး ဘရူနိုဖာနန် ဒက်စ်က ကိုက် ၂ဝ အကွာမှ ကန်သွင်း ယူခဲ့သည်။ အဲဗာတန်သည် ပွဲပြီးလုချိန် တွင် ကယ်လ်ဘတ်လီဝင်၏ ဂိုးကြောင့် အနိုင်ဂိုးရခဲ့သော်လည်း ဗီဒီယို အကူ ဒိုင်လူကြီးစနစ်အရ ဆီဂတ်ဆန်လူကျွံ နေ၍ နစ်နာခဲ့ရသည်။ ပေါ်တူဂီ ကွင်း လယ်လူ ဖာနန်ဒက်စ်သည် ဇန်နဝါရီ ဈေးကွက်၌ စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အချိန်တိုအတွင်း အကောင်းဆုံးခြေစွမ်းပြ ကစားနေသည်။ ၄င်းသည် အဲဗာတန်နှင့် ပွဲ၌လည်း ပွဲစဉ်တစ်လျှောက် အကောင်း ဆုံးကစားသမားဆုရခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူ အသင်း၏ ဖေဖော်ဝါရီ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မဲ ရာခိုင်နှုန်း အများဆုံးဖြင့် ဆွတ်ခူူးရရှိ ခဲ့ကြောင်း သိရသည်။ ဖာနန်ဒက်စ် သည် ဖေဖော်ဝ-ါရီလအတွင်း မန်ယူ အသင်းအတွက် ငါးပွဲကစားခဲ့ရာ နှစ် ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ ဖာနန်ဒက်စ်သည် ဖေဖော်ဝါရီ တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် မဲရာခိုင်နှုန်း ၈ဝ ရရှိခဲ့ပြီး မာရှယ်မှာ ၁၄ ရာခိုင်နှုန်း နှင့် လုခ်ရှောမှာ မဲ ခြောက်ရာခိုင်နှုန်း ရရှိခဲ့သည်။

အဲဗာတန်ပွဲ၌ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက် ဘရူနိုဖာနန်ဒက်စ် ''ဒီပွဲက ခက်ခဲတဲ့ပွဲပါ၊ တစ်မှတ်ရတာ မဆိုးပါဘူး။ အမှတ်ပြည့်ရရင် ပိုကောင်းပါတယ်။ ဂိုးသွင်းဖို့ ဘောလုံးရခဲ့လို့ ပျော်ရွှင်မိပါတယ်။ အရေးကြီးတာက ဂိုးဝင်ဖို့ပါ''ဟု ပြောကြားခဲ့သည်။

မန်ယူသည် ပွဲစဉ် ၂၈ အပြီး ၁၁ ပွဲနိုင်၊ ကိုးပွဲသရေ၊ ရှစ်ပွဲရှုံး၊ ၄၂ မှတ် ဖြင့် အဆင့်လေးနေရာမှ ချယ်လ်ဆီး နှင့် သုံးမှတ်ကွာဟကာ အဆင့်ငါးနေ ရာ၌ ရပ်တည်နေသည်။

 



ဖတ်ရှုမှုအများဆုံး