ပြင်ဦးလွင်မြို့နယ် သုံးမိုင်ကမ်းခြေအနီးတွင် အခမဲ့ဆေးပေးခန်းဖွင့်လှစ်

ပြင်ဦးလွင်မြို့နယ် သုံးမိုင်ကမ်းခြေအနီးတွင် အခမဲ့ဆေးပေးခန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် မြန်ပြည်သာကျေးရွာ သုံးမိုင်ကမ်းခြေအနီး ဖွင့်လှစ်ထားရှိသော မေတ္တာစံအိမ် ဖောင်ဒေးရှင်းမှ လူမျိုးဘာသာမရွေး ကျန်းမာရေးအခမဲ့စောင့်ရှောက် ကုသပေးမည့် အခမဲ့ဆေးပေးခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း မေတ္တာစံအိမ် ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်ချောအိသီတာထံမှ သိရသည်။

"လူမျိုးမရွေး၊ ဘာသာမရွေး ဆေးပေးခန်းနဲ့ အလှမ်းကွာနေတဲ့ သူတွေကို တတ်နိုင်သလောက် အခမဲ့ကျန်းမာရေးစောင့်ရှောက်ကုသ ပေးသွားမှာပါ။ လတ်တလောကတော့ တစ်ပတ်တစ်ရက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်"ဟု မေတ္တာစံအိမ်ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်ချောအိသီတာက ပြောသည်။

မေတ္တာစံအိမ်ဖောင်ဒေးရှင်းသည် အမျိုးသမီးတို့နားခိုရာ မေတ္တာ ဂေဟာ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း အတတ်ပညာအခမဲ့သင်တန်း အပတ်စဉ် တစ်ပတ်တစ်ကြိမ် မန္တလေးမြို့ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၊ ပြင်ဦးလွင်မြို့ ခုတင် ၃၀ဝ ပြည်သူ့ ဆေးရုံကြီးတို့တွင် အရေးပေါ်အသုံးပြုနိုင်ရန် အရေးပေါ်လူနာဆောင် များရှေ့ရှိ လိုရာသုံးဘောက်စ်များလှူဒါန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး တတိယလုပ်ငန်းစဉ်အဖြစ် အခမဲ့ဆေးပေးခန်းကို မတ် ၁၅ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ ညနေ ၃ နာရီမှ ၆ နာရီအထိ နှစ်ကြိမ်ဖွင့်လှစ်ပြီး အနောက်တိုင်းဆရာဝန်များ၊ မြန်မာတိုင်းရင်းဆေးဆရာများဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ကုသပေးမည်ဖြစ်ရာ လက်တွဲပါဝင်ကုသိုလ် ပြုလိုပါက ဖုန်း- ဝ၉- ၇၆၄၀၁၄၀၆၁ wave.acc သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး