ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ တစ်ဝန်းတွင် အားကစားပြိုင်ပွဲများ ရွှေ့ဆိုင်းခြင်းအပါအဝင် ရပ်နားခြင်း များဖြစ်ပေါ်နေရာ ထိုင်းနိုင်ငံ၌လည်း ရောဂါပျံ့နှံ့နေ၍ လူသေဆုံးမှုရှိနေကာ ကျင်းပလျက်ရှိသော ထိုင်းလိဂ်ဘောလုံးပွဲများကို ဧပြီ ၁၈ ရက်ထိတိုင် ကျင်းပမည်မဟုတ်ဘဲ ရပ်နားထားရန် ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရောဂါအလျင်အမြန်ကူးစက်နေ၍ ထိုင်းလိဂ်-၁ ကလပ်များသည် ဘောလုံးပွဲများရွှေ့ဆိုင်းရန် ထိုင်းဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ကြောင်း လည်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ မူလက ၂ဝ၂ဝ မတ်လ အတွင်း ကစားရန်ရှိသော ထိုင်းလိဂ်ပွဲ များကို ပရိသတ်မပါဘဲ တံခါးပိတ် ကစားရန် ထိုင်းအာဏာပိုင်များက စဉ်းစားခဲ့သော်လည်း လက်ရှိတွင် မတ် ၃ ရက်မှစတင်၍ လာမည့် ဧပြီ ၁၈ ရက်ထိတိုင်အောင် ရပ်နားထား ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပထမဆုံး သေဆုံးမှုအဖြစ် အသက် ၃၅ နှစ်အရွယ် အလုပ်သမား တစ်ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံအပြင် အမေ ရိကန်နှင့် သြစတြေးလျ၌ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် ပထမဆုံးလူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။















