အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်

ဘန်ကောက် - အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ဝေဒနာရှင်ပေါင်းမှာ ငါးဦးမှစခဲ့ပြီး ယခုအခါ ၂၈ ဦးအထိခုန်တက်ခဲ့သည်ဟု ဆိုသည်။ ကျန်းမာရေးဝန်ကြီး ဟာရက်ရှ်ဗာဒဟန်က ပြောကြားရာတွင် စောစောပိုင်းက COVID19  ကူးစက်ခံရသည့်ဝေဒနာရှင်မှာ အီတလီနိုင်ငံသို့ ခရီးသွားခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် လူခြောက်ဦးအထိ ထပ်မံကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ နောက်ထပ်ကူးစက်သူများ တိုးလာသည်မှာ ဖေဖော်ဝါရီ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသော အီတလီကမ္ဘာလှည့်ခရီးသွားအုပ်စုကြီးတစ်စုရောက်ရှိပြီးမှ ပေါ် လာခြင်းဖြစ်သည်။

မတ် ၄ ရက်တွင် အိန္ဒိယနိုင်ငံက ကြေညာရာ၌ ယင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများဖြင့် ရောက်ရှိလာသော ခရီးသည်အားလုံးကို ရောဂါရှိ မရှိ စစ်ဆေးခံရန် ညွှန်ကြားထားသည်ဟုဆိုသည်။ လက်ရှိအခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ၌ ကူးစက်ခံရသူ ၄၃၅ ဦး အသစ်ထပ်မံတိုးလာ ရာ စုစုပေါင်း ၅,၆၂၁ ဦးရှိသွားပြီး တရုတ်ပြည် နောက်ဒုတိယအများဆုံး ဖြစ်သည်။

တင်စိန် ဘာသာပြန်သည်။