ပွဲမတိုင်ခင် လက်ဆွဲနှုတ်ဆက်မှု ပရီးမီးယားလိဂ်တားမြစ်

ပွဲမတိုင်ခင် လက်ဆွဲနှုတ်ဆက်မှု ပရီးမီးယားလိဂ်တားမြစ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲမကစားမီ နှစ်ဖက်အသင်းကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်မှုကို ပရီးမီးယားလိဂ် က တားမြစ်လိုက်ကြောင်း ဗြိတိန်သတင်း များကဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်၏ ထုတ်ပြန်ကြေညာချက်အရ ကျန်းမာရေး ဆိုင်ရာအကြံဉာဏ်များအပေါ်အခြေခံ၍ ထပ်မံအသိပေးချက်မလာခင်အထိ ယခု တစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲ များ၌ကစားသမားများအပါအဝင် တာဝန်ကျဒိုင်များပါ လက်ဆွဲနှုတ်ဆက်ခြင်းမပြုလုပ်ရဟု ပါရှိခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်း၌ ကူးစက်ခံရသူဦးရေ ၉ဝဝဝဝ ကျော် အထိရှိနေပြီး နိုင်ငံပေါင်း ၈၇ နိုင်ငံသို့ ပြန့်ပွားမှုများရှိနေသည်။ ပရီးမီးယားလိဂ်၌ ပွဲမတိုင်မီ ကစားသမားအချင်းချင်းနှင့် တာဝန်ကျဒိုင်များ အပြန်အလှန်လက် ဆွဲနှုတ်ဆက်ကြသည်မှာ အစဉ်အလာ တစ်ခုဖြစ်သော်လည်း ယခုအခါ အချင်း ချင်းထိတွေ့မှုမှတစ်ဆင့် ရောဂါကူးစက် မည်ကိုစိုးရိမ်ရသောကြောင့် ပြိုင်ပွဲတာဝန် ရှိသူများက လက်ဆွဲနှုတ်ဆက်ခြင်းကို အရေးပေါ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီ စီးရီးအေပွဲစဉ်အချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရ သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲများ ခြိမ်းခြောက်ခံနေရသည်။



ဖတ်ရှုမှုအများဆုံး