အသက်(၃၆)နှစ်အရွယ် ဒိန်းမတ် ကစားသမားဟောင်း တစ်ဦးဖြစ်သော သောမတ်စ်ခါလန်ဘတ်သည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အဖြေ ပေါ်ခဲ့ပြီးနောက် ၎င်းနှင့်ထိတွေ့ခဲ့သည့် လူများကို နေအိမ်၌ထားရှိကာ သီးခြား စောင့်ကြည့်နေရကြောင်း သိရသည်။
ခါလန်ဘတ်သည် မကြာသေးမီက နယ် သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှပြန်လာခဲ့ပြီးနောက် ဖျားနာခဲ့ရာ ဆေးစစ်မှုအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့သည်။
ခါလန်ဘတ်သည် ပြီးခဲ့သည့်တနင်္ဂနွေ နေ့က ဘရွန်ဘီနှင့် လန်ဘီတို့ ကစား ခဲ့သော ဒိန်းမတ်လိဂ်ပွဲကို တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။ ယခုအခါ ရောဂါ ကူးစက်ခံထားရသူခါလန်ဘတ်ကို သီးခြားထားရှိ စောင့်ကြည့်နေသည့်အပြင် ဘော လုံးပွဲအတွင်း ၎င်းနှင့်ထိတွေ့ခဲ့သော လူ ၁၃ ဦးကိုလည်း နေအိမ်၌ သီးခြားစောင့် ကြည့်နေရကြောင်း ကိုပင်ဟေဂင်အခြေစိုက် ဘရွန်ဘီအသင်းက ကြေညာခဲ့သည်။
ခါလန်ဘတ်နှင့်ထိတွေ့ခဲ့သော လန် ဘီကစားသမားသုံးဦးကိုလည်း ကျန်းမာ ရေးအခြေအနေအရ သီးခြားစောင့်ကြည့် နေရသည်။ ခါလန်ဘတ်နှင့်အတူ သီးခြား ထားရှိစောင့်ကြည့်ခံရသူ ၁၃ ဦးတွင် ဘရွန်ဘီစီအီးအိုပယ်လ်မာ၊ လက်ထောက် နည်းပြရီတော့ဗ်နှင့် နောက်ခံလူ ကာဘွန် လိုတို့ ပါဝင်နေသည်။















