ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံ လုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဖိလစ် ပိုင်သမ္မတ ဒူတာတေးက ကြေညာရန် စီစဉ်နေပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ၏ပြောခွင့်ရှိသူက မတ် ၇ ရက်တွင် ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်၌ ပြည်ပမှ လာရောက် သူတစ်ဦးထံမှ မဟုတ်ဘဲ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ် ဦးမှ အခြားလူတစ်ဦးသို့ ပထမဆုံး အကြိမ် ကူးစက်မှုရှိခဲ့ပြီးနောက် ဗိုင်း ရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အရေး ပေါ်လုပ်ဆောင်ရန် တိုက်တွန်းမှုများ ရှိလာခဲ့သည်။
ကျန်းမာရေး အရေးပေါ် အခြေ အနေထုတ်ပြန်ရန် သမ္မတဒူတာတေး က သဘောတူညီခဲ့ပြီဖြစ်ကြောင်း အထက်လွှတ်တော် ကျန်းမာရေးကော် မတီဥက္ကဋ္ဌ ဘွန်ဂိုက ပြောဆိုခဲ့သည်။
မကြာသေးမီတွင် ပြည်ပသို့ ခရီးသွားခြင်းမရှိခဲ့သည့် အသက် (၆၂)နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား အမျိုးသားတစ်ဦး ထံမှ အသက် (၅၉)နှစ်အရွယ် ဇနီးသည်ထံသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရသူ ခြောက်ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားနိုင်ငံ၌ မတ် ၆ ရက် အကုန်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ် ၁၇၄ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၆၇၆၇ ဦးရှိနေပြီဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (KCDC) က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
တောင်ကိုရီးယား၌ မတ် ၆ ရက်အနှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၄၄ ဦးရှိနေသည်။

















