မိတ္ထီလာမြို့၏  အဓိကရေထွက်ပေါက်ဖြစ်သောစည်သူချောင်း မိုးရာသီရေလျှံပြီး  ပတ်ဝန်းကျင်နေအိမ်များသို့  ရေဆိုးများ ဝင်ရောက်နေသဖြင့်  မိုးမကျမီပြုပြင်ပေးရန်တောင်းဆို

မိတ္ထီလာမြို့၏  အဓိကရေထွက်ပေါက်ဖြစ်သောစည်သူချောင်း မိုးရာသီရေလျှံပြီး  ပတ်ဝန်းကျင်နေအိမ်များသို့  ရေဆိုးများ ဝင်ရောက်နေသဖြင့်  မိုးမကျမီပြုပြင်ပေးရန်တောင်းဆို

မိတ္ထီလာမြို့တွင် မြို့၏ အဓိက ရေထွက်ပေါက်ဖြစ်သော စည်သူ ချောင်း(ရေဆိုးထုတ်)သည် မိုးရာသီ တွင် ရေလျှံ၍ ချောင်းဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ၏ နေအိမ် များထဲသို့ ရေဆိုးရေညစ်များဝင်ရောက် လျက်ရှိရာ မိုးမကျမီချောင်းကို ပြန်လည် ဆယ်ယူပေးရန်နှင့် ကျဉ်းမြောင်းနေ သည့် ချောင်းကူးတံတားအား တိုးချဲ့ ပြုပြင်ပေးစေလိုကြောင်း ယင်းပတ်ဝန်း ကျင်နေ ပြည်သူများက ပြောသည်။

စည်သူချောင်း(ရေဆိုးထုတ်)သည် မိတ္ထီလာမြို့ ကန်ကူးတံတားအရှေ့ဘက် ရှိ မြို့မရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ ရတနာမာန်အောင် ရပ်ကွက်နှင့် အောင်ဇေယျာ ရပ်ကွက် တို့၏ အဓိကရေထွက်ပေါက်ဖြစ်သော ရေဆိုးထုတ်ချောင်းဖြစ်သည်။

အဆိုပါချောင်းသည် အောင် ဇေယျာရပ်ကွက်အတွင်း တစ်မိုင်ခန့် ရှည်လျားစွာ ဖြတ်သန်းစီးဆင်းသော ချောင်းဖြစ်ပြီး တိမ်ကောနေမှုကြောင့် ချောင်းပြန်လည်ဆယ်ယူနိုင်ရေး အတွက် ၂ဝ၁၉ ခုနှစ် နှစ်ဦးပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် မြို့နယ်ဆည် မြောင်းဦးစီးမှူး ဦးမောင်မောင်ကျော် တို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းတိမ်ကောနေမှုကြောင့် ပြန် လည်ဆယ်ယူရန် လိုအပ်ကြောင်း၊ ချောင်းဧရိယာထက် ကျဉ်းမြောင်းနေ သော ချောင်းကူးတံတားတစ်စင်းအား တိုးချဲ့၍ ပြန်လည်ပြုပြင်ရန်လိုအပ် ကြောင်း ဆွေးနွေးညိ§နှိုင်းခဲ့သည်ဟု အောင်ဇေယျာရပ်ကွက် စည်သူချောင်း ပြန်လည်ဆယ်ယူရေးကော်မတီ ဥက္ကဌဦးဇော်မျိုးအောင်ထံမှ သိရသည်။

စည်သူချောင်းပြန်လည်ဆယ်ယူ ရန်အတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မြေတူးစက်ပံ့ပိုးကူညီရန် နှင့် လိုအပ်သည့် ဆီဖိုးကုန်ကျစရိတ် အား ရပ်ကွက်နေပြည်သူများက ကုန်ကျ ခံ၍ ဆယ်ယူရန်ဆွေးနွေးခဲ့ရာ ရပ်ကွက် နေပြည်သူများက ၂ဝ၁၈ ခုနှစ်၌ စည်သူချောင်း ပြန်လည်ဆယ်ယူရာ၌ ဆီဖိုး ကုန်ကျစရိတ်များ ထည့်ဝင်လှူဒါန်းခဲ့ပြီး၂ဝ၁၉ ခုနှစ်၌လည်း စီးပွားရေးအဆင် မပြေသဖြင့် ဆီဖိုးပါဝင်လှူဒါန်းမှုခက်ခဲ၍ ချောင်းပြန်လည်မဆယ်ယူနိုင်ခဲ့ကြောင်း ဦးဇော်မျိုးအောင်က ပြောသည်။

စည်သူချောင်း တိမ်ကောနေမှုနှင့် ချောင်းကူးတံတားကျဉ်း၍ ချောင်းရေ လျှံနေမှုကြောင့် နေအိမ်များအတွင်းသို့ ရေဆိုးရေညစ်များ ဝင်ရောက်ကာ အောင်ဇေယျာရပ်ကွက် နယ်မြေ (၉)၊ နယ်မြေ (၁၁)၊ နယ်မြေ (၁၂)နှင့် နယ်မြေ (၁၃)တို့ရှိ ချောင်းဘေးနေ ပြည်သူများမှာ မိုးရာသီတွင် နေအိမ် အဆောက်အအုံနှင့် အသုံးအဆောင် ပစ္စည်းများ ရေနစ်မြုပ်ဆုံးရှုံးခြင်းများ နှစ်စဉ်နီးပါးခံစားနေသလို မလိုလား အပ်သော ကျန်းမာရေးဆိုးကျိုးများ ဖြစ်မည်ကို စိုးရိမ်နေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး