ဓာတ်ခွဲစစ်ဆေးချက်အရ စောင့်ကြည့်လူနာ ၁၄ ဦး၌ COVID-19 မရှိဟု အဖြေထွက်

ဓာတ်ခွဲစစ်ဆေးချက်အရ စောင့်ကြည့်လူနာ ၁၄ ဦး၌ COVID-19 မရှိဟု အဖြေထွက်

ဓာတ်ခွဲစစ်ဆေးချက်အရ စောင့်ကြည့် လူနာ ၁၄ ဦးတွင် COVID-19 မရှိဟု အဖြေထွက်ပေါ်လာကြောင်း သိရသည်။
 

မတ်လ ၈ ရက် ညနေ ၆ နာရီ ၃၂ မိနစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါဌာန  တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

ဝေဘာဂီဆေးရုံမှ တရုတ်နိုင်ငံသားနှစ်ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ၂၆ နှစ်အရွယ် နိုင်ငံခြားသားတစ်ဦး၊ လင်းခေးတိုက်နယ်ဆေးရုံမှ ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရေတာရှည်မြို့နယ်ဆေးရုံမှ ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ မန္တလေး၊ ကန်တော်နဒီဆေးရုံမှ ၇၁ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦး၊ MTH(Mandalay 300 Bedded Teaching Hospital) မှ(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကျောက်ပန်းတောင်းဆေးရုံမှ စောင့် ကြည့်လူနာနှင့်ဇနီးတို့မှာ ဓာတ်ခွဲအဖြေအရ COVID-19 မရှိဟု အဖြေထွက်ကြောင်း သိရသည်။

ကန်တော်နဒီဆေးရုံမှ အသက် (၃ဝ)အရွယ်အမျိုးသားသည် ဝက်လက် မြို့နယ်မှ ဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံသို့ မတ် ၅ ရက်က ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။  ၎င်းသည် ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာ များခံစားခဲ့ရသဖြင့် မတ် ၆ ရက်က ဝက်လက်မြို့နယ်ဆေးရုံသို့ ပြသခဲ့ရာမှ မန္တလေးကန်တော်နဒီဆေးရုံသို့ ညွှန်း ပို့ခဲ့ကာ  ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၎င်းလူနာကို  ထိတွေ့စစ်ဆေးခဲ့ သော မန္တလေးဆေးရုံကြီးမှ ဆရာဝန် တစ်ဦးသည် အာသီးယောင်ပြီး ဖျား သဖြင့် စိတ်ချရအောင် မတ် ၈ ရက် နံနက်ပိုင်းက ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ   စောင့်ကြည့်စေခဲ့ ကြောင်း ယခုအခါဝက်လက်မှလူနာ၏ ဓာတ်ခွဲအဖြေမှာ COVID-19 မရှိ ဟုထွက်ပေါ်လာသဖြင့် စိတ်ချရပြီဖြစ် ကြောင်းမန္တလေးဆေးရုံကြီးဒုတိယဆေးရုံအုပ်ဒေါက်တာကျော်ခင်ကပြော သည်။

'မတွေ့ဘူးဆိုပေမယ့် အဲဒီမှာ တစ်ရက်လောက်ထားလိုက်ဦးမယ်'ဟုဒေါက်တာကျော်ခင်ကပြောသည်။

ယခုဓာတ်ခွဲအဖြေအရ COVID-19မရှိသော ကန်တော်နဒီဆေးရုံမှ (၇၁)နှစ်အရွယ်အမျိုးသားမှာ မန္တလေး ဆေးရုံသို့ လာရောက်ပြသရာမှ လတ် တလော ပြင်းထန်အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ့ ရှိရ၍ ကန်တော်နဒီဆေးရုံသို့ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဒေါက်တာကျော်ခင်က ''မတ် ၈ ရက်မှာ သံသယတစ်ယောက်  တင်လိုက်သေးတယ်။အမရပူရကပါ။ သူက ကျယ်ဂေါင် (တရုတ်နိုင်ငံဘက် ခြမ်း)သွားပြီး အလုပ်လုပ်တာ။ ပြန် ရောက်တာ  တစ်လကျော်သွားပြီ။ ဖျားတာရှိပြီး ဒီလိုနေရာမျိုးသွားထား တော့ စိတ်ချရအောင်လို့ပါ''ဟုပြော သည်။                    
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး