ယခုနှစ်ရာသီ၏ အဆိုးရွားဆုံးပွဲအတွက် ၎င်း၌ တာဝန်ရှိဟု ဘက်တစ်ပွဲအပြီး ဇီဒန်းဝန်ခံ

ယခုနှစ်ရာသီ၏ အဆိုးရွားဆုံးပွဲအတွက် ၎င်း၌ တာဝန်ရှိဟု ဘက်တစ်ပွဲအပြီး ဇီဒန်းဝန်ခံ

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း က ယခုနှစ်ရာသီ၏ ခြေစွမ်းအဆိုးရွား ဆုံးပွဲအတွက် ၎င်း၌တာဝန်ရှိကြောင်း ဘက်တစ်အား နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့် ခဲ့သည့်ပွဲအပြီး ပြောကြားခဲ့သည်။

ရီးရဲလ် မက်ဒရစ်သည် ပထမပိုင်းမိနစ် ၄ဝ ၌ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး နောက်မှလိုက် ကစားခဲ့ရသည်။ ရီးရဲလ်အတွက် ချေပ ဂိုးကို ပထမပိုင်းပြီးလုချိန်တွင် တိုက်စစ်မှူး ဘန်ဇီမာက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

ဘက်တစ်နှင့်ရီးရဲလ်တို့သည် ဒုတိယ ပိုင်းတွင် အနိုင်ဂိုးရရှိရန် ကြိုးစားခဲ့ပြီး အိမ်ရှင်ဘက်တစ်မှာ ၈၂ မိနစ်၌ အဖိုး တန်အနိုင်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။ ဘက် တစ်အားရှုံးနိမ့်ခဲ့မှုအတွက် ဆင်ခြေပေးစရာမလိုကြောင်း ရီးရဲလ်နည်းပြဇီဒန်းက ယုံကြည်နေသည်။

နည်းပြဇီဒန်းက ''ကစားသွားတဲ့ခြေ စွမ်းအရ ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲဖြစ်ခဲ့ ပါတယ်။ ကျွန်တော်တို့အသင်းဟာ အရာ ရာပျောက်ဆုံးနေခဲ့တယ်။ ကစားပုံ၊ စွမ်းအား၊ ဘောလုံးပိုင်ဆိုင်မှုနဲ့ စိတ်အားထက်သန်မှုတွေမရှိခဲ့ဘူး။ တကယ်ကို ဆိုးရွားတဲ့နေ့ဖြစ်ခဲ့ပါတယ်။ ဒါမျိုးကလည်း ကြုံတွေ့နိုင်တယ်။ ဒီလိုမျိုးရှုံးနိမ့်ခဲ့ တဲ့အတွက် ကျွန်တော့်မှာတာဝန်ရှိတယ်'' ဟု ဆိုခဲ့သည်။ ရီးရဲလ်သည် ပွဲစဉ် ၂၇ အပြီး ၅၆ မှတ်ဖြင့်ဦးဆောင်သူ ဘာစီ လိုနာနှင့် နှစ်မှတ်ကွာဟနေသည်။

 



ဖတ်ရှုမှုအများဆုံး