ဂွာဒီယိုလာနှင့် အန်ဆယ်လော့တီ မှတ်တမ်း ဆိုးများရရှိ

ဂွာဒီယိုလာနှင့် အန်ဆယ်လော့တီ မှတ်တမ်း ဆိုးများရရှိ

မန်စီးတီးနည်းပြ ဂွာဒီယိုလာနှင့် အဲဗာတန်နည်းပြ အန်ဆယ်လော့တီတို့သည် လိဂ်ရှုံးပွဲများကြုံတွေ့ခဲ့ရပြီးနောက် ၎င်းတို့၏နည်းပြဘဝ၌ မှတ်တမ်းဆိုးများ ရသွားခဲ့ကြောင်း သိရသည်။

မန်စီးတီးသည် မန်ချက်စတာဒါဘီပွဲတွင် နှစ်ဂိုး ပြတ်ရှုံးနိမ့်ခဲ့သောကြောင့် ယခုနှစ်ဘောလုံးရာသီ၏ ခုနစ်ပွဲမြောက် လိဂ်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ နည်းပြဂွာဒီယိုလာသည် ယခင်က မတူညီသည့်အသင်းများ ဖြင့် တစ်ရာသီအတွင်း လိဂ်ရှုံးပွဲခုနစ်ပွဲ မကြုံတွေ့ခဲ့သော်လည်း ယခုအခါ နည်းပြ ဘဝ လိဂ်ရှုံးပွဲအများဆုံးဘောလုံးရာသီ ကြုံတွေ့ခဲ့သည်။

နည်းပြဂွာဒီယိုလာနည်းတူ အဲဗာတန် နည်းပြအန်ဆယ်လော့တီမှာလည်း ၎င်း၏နည်းပြဘဝ၌ ဂိုးအပြတ်ဆုံးရှုံးပွဲဖြင့် ထပ်မံရင်ဆိုင်ခဲ့ရသည်။ အဲဗာတန်သည် ချယ်လ်ဆီးကွင်း၌ ခြေစွမ်း ချင်းမယှဉ်နိုင်ခဲ့ဘဲ လေးဂိုးပြတ်အရှုံးပေး ခဲ့ရသည်။ ချယ်လ်ဆီးသည် ပထမပိုင်း၌ပင် အဲဗာတန်အား နှစ်ဂိုးပြတ်ဦးဆောင် ခဲ့သည်။

အန်ဆယ်လော့တီသည် ၂ဝ၁၅ ခုနှစ်က ရီးရဲလ်ကိုနည်းပြစဉ် အက်သလက် တီကိုအား လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအခါ အဲဗာတန်နည်းပြဘဝ ဂိုးအပြတ် ဆုံးရှုံးပွဲကြုံတွေ့ခဲ့ရသည်။

 



ဖတ်ရှုမှုအများဆုံး