နော်တင်ဟမ်နှင့် အိုလံပီယာကို့စ်ပိုင်ရှင် မာရင်နာကစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ မာရင်နာကစ်နှင့်တွေ့ဆုံခဲ့သည့်အာဆင်နယ်ကစားသမားအချို့ကို သီးသန့်ထားရှိ

နော်တင်ဟမ်နှင့် အိုလံပီယာကို့စ်ပိုင်ရှင် မာရင်နာကစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ မာရင်နာကစ်နှင့်တွေ့ဆုံခဲ့သည့်အာဆင်နယ်ကစားသမားအချို့ကို သီးသန့်ထားရှိ

အင်္ဂလန်ချန်ပီယံရှစ်တန်းကလပ် နော်တင်ဟမ်ဖော ရက်စ်နှင့် ဂရိကလပ် အိုလံပီယာကို့စ်ပိုင်ရှင် အီဗန်ဂျီ လော့စ်မာရင်နာကစ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန် မြို့မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ အလျင်အမြန်ကူးစက်ပြန့်ပွားနေပြီး ကမ္ဘာ့ ကပ်ရောဂါအသွင်ဆောင်နေသည်။ အသက် (၅၂) နှစ် အရွယ် ဂရိစီးပွားရေးလုပ်ငန်းရှင် မာရင်နာကစ်ကိုယ်တိုင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း၊ အများပြည်သူ ကိုအသိပေးရန် တာဝန်ရှိသည်ဟုခံစားမိကြောင်း၊ ဆရာ ဝန်၏ညွှန်ကြားချက်များကိုလိုက်နာနေကြောင်း အင်စတာဂရမ်၌ ပို့စ်တင်ကာ အသိပေးခဲ့သည်။

မစ္စတာ မာရင်နာကစ်မှာ ဂရိသို့ပြန်ခဲ့စဉ် ကိုရိုနာဗိုင်း ရပ်စ်ရောဂါလက္ခဏာတွေ့ရှိခဲ့ရကြောင်း နော်တင်ဟမ်၌ ရှိစဉ် ရောဂါကူးစက်မှုအခြေအနေမတွေ့ရကြောင်း နော်တင် ဟမ်ဖောရက်စ်အသင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဗြိတိန်သတင်းများ၏အဆိုအရ မာရင်နာကစ်သည် မတ် ၇ ရက်က ကစားခဲ့သော နော်တင်ဟမ်နှင့် မီဝေါလ်တို့၏ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပြီး အသင်းပထမကစားသမားများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မာရင်နာကစ်သည် ဖေဖော်ဝါရီ ၂၇ ရက်က ကစားခဲ့သော အာဆင်နယ်နှင့် အိုလံပီယာကို့စ်တို့၏ ယူရိုပါလိဂ်ပွဲကိုလည်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပြီး အာဆင်နယ်ကစားသမားတချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံမှုအကျိုးဆက်အနေဖြင့် ယမန်နေ့က ကစားရမည့် မန်စီးတီးနှင့် အာဆင်နယ်တို့၏ပွဲကိုလည်း ရောဂါကူးစက်မှုအခြေအနေစိုးရိမ်ရသောကြောင့် ရွှေ့ဆိုင်း ခဲ့ရသည်။ မာရင်နာကစ်နှင့်တွေ့ဆုံခဲ့သည့် အာဆင်နယ် ကစားသမားများမှာ မည်သူမည်ဝါအတိအကျမသိရသေး သော်လည်း နေအိမ်၌ ၁၄ ရက် သီးသန့်ထားရှိကာ အခြေ အနေစောင့်ကြည့်မည်ဖြစ်ကြောင်းသိရသည်။ အာဆင်နယ် နည်းပြအဖွဲ့ဝင်လေးဦးမှာလည်း မာရင်နာကစ်နှင့် နီးနီး ကပ်ကပ်ရှိခဲ့ရာ ၎င်းတို့ကိုလည်း နေအိမ်၌ ၁၄ ရက်သီးသန့် ထားရှိကာ အခြေအနေစောင့်ကြည့်ရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာလီဂါပွဲများ တံခါးပိတ် ကစားမည်ဖြစ်ပြီး ပြင်သစ်လီဂူး၌လည်း ပရိသတ် ၁ဝဝဝ သာအားပေးရန် ညွှန်ကြားထားသည်။ စီးရီးအေကိုမူ လာမည့် ဧပြီ ၃ ရက်ထိတိုင်အောင် ရွှေ့ဆိုင်းလိုက်ပြီး ဘွန် ဒက်စ်လီဂါ၌ ပွဲများစွာတံခါးပိတ်ကစားမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ကမူ ရောဂါကြောင့် ပွဲမတိုင်ခင် လက်ဆွဲ နှုတ်ဆက်ခြင်း အစဉ်အလာကို တားမြစ်ထားသည်။

 



ဖတ်ရှုမှုအများဆုံး