ချယ်လ်ဆီး တောင်ပံကစားသမား တစ်ဦးဖြစ်သော ဟက်ဒ်ဆန်အိုဒွိုင်းနှင့် အီတလီစီးရီးအေကလပ် ဆမ်ဒိုးရီးယား တိုက်စစ်မှူးဂက်ဘီယာဒီနီတို့မှာ COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။
ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်နေသော COVID-19 သည် အလျင်အမြန်ကူးစက် ပြန့်ပွားနေရာ အားကစားနယ်ပယ်ထိတိုင်အောင် ဆိုးကျိုးများဖြစ်ပေါ်နေသည်။
အိုဒွိုင်းမှာCOVID 19 ဖြစ်ပွား နေကြောင်း ချယ်လ်ဆီးအသင်းကကြေညာ ခဲ့ပြီး လေ့ကျင့်ရေးကွင်းကိုလည်း တစ်စိတ် တစ်ပိုင်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရ သည်။ အိုဒွိုင်းသည် ပရီးမီးယားလိဂ်၌ COVID ကူးစက်ခံရသော ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့သည်။ အိုဒွိုင်း အမြန်ဆုံးသက်သာရန် ချယ်လ်ဆီးအသင်း က ဆုတောင်းပေးခဲ့သည်။
အိုဒွိုင်းအပြင် ဂက်ဘီယာဒီနီမှာလည်း COVID-19 ကူးစက်ခံထားရကြောင်း ဆမ်ဒိုးရီးယားအသင်းက အတည်ပြုခဲ့သည်။ တိုက်စစ်မှူးဂက်ဘီယာဒီနီသည် ဂျူဗင်တပ်စ်နောက်ခံလူ ရူဂါနီပြီးနောက် စီးရီးအေ၌ ရောဂါကူးစက်ခံရသော ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။
မက်ဆေ့ချ်များပို့၍ အားပေးခဲ့သူ များကို ကျေးဇူးတင်ကြောင်း၊ ၎င်းအား မစိုးရိမ်ရန် ဂက်ဘီယာဒီနီက တွစ် တာ၌ပို့စ်တင်ကာ ပရိသတ်များကို အသိ ပေးစကားဆိုခဲ့သည်။















