စပိန်လာလီဂါကလပ် ဗလင်စီယာအသင်း ကစားသမားသုံးဦးအပါ အဝင် ဝန်ထမ်းနှစ်ဦးမှာ ကူးစက်မြန် COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။
တရုတ်နိုင်ငံ -ဝူဟန်မြို့မှ အစပြုခဲ့သော COVID-19 သည် ဥရောပတိုက်၌လည်း ပြန့်ပွားလျက် ရှိရာ အီတလီနိုင်ငံပြီးနောက် စပိန် နိုင်ငံမှာ COVID-19 ဒဏ်အခံရဆုံး နိုင်ငံဖြစ်နေသည်။ အီတလီစီးရီးအေ ကစားသမားများ၌လည်း COVID-19 တွေ့ရှိခဲ့ရပြီးနောက် လာလီဂါကစား သမားများမှာ ရောဂါကူးစက်ခံရခြင်းလည်း ဖြစ်သည်။
COVID-19 ကူးစက်ခံရသော ဗလင်စီယာ ပထမအသင်း ကစား သမားသုံးဦးစာရင်းတွင် အာဂျင်တီးနား နောက်ခံလူ ဂါရေးလည်း ပါဝင်ခဲ့သည်။ နောက်ခံလူ ဂါရေးသည် စပိန်လာလီ ဂါ၌ COVID-19 ကူးစက်ခံရသော ပထမဆုံး ကစားသမားဖြစ်ခဲ့သည်။ မန်စီးတီး၌ကစားခဲ့ဖူးသော ပြင်သစ် ဗဟိုနောက်ခံလူ မန်ဂါလာမှာလည်း COVID-19 ကူးစက်ခံခဲ့ရသည်။ COVID-19 ကူးစက်ခံရသော အခြား ဗလင်စီယာကစားသမားတစ်ဦးမှာ ဂါရာဖြစ်ကြောင်း သိရသည်။
ဂါရေးက ''၂ဝ၂ဝ အစကတော့ ကျွန်တော့်အတွက် ကံမကောင်းတာ သေချာတယ်။ COVID-19 ကူးစက် ခံထားရပါတယ်။ အခြေအနေတော့ ကောင်းပါတယ်။ ကျန်းမာရေးတာဝန် ရှိသူတွေရဲ့ညွှန်ကြားချက်ကို လိုက်နာ ပါတယ်။ အခုအချိန်မှာ သီးသန့်နေနေ ရတယ်''ဟု အသိပေးခဲ့သည်။ မန်ဂါ လာကလည်း ၎င်း၌ COVID-19 ကူးစက်ခံရသည်ကို သိလိုက်ရကြောင်း၊ မိသားစုနှင့်အထိအတွေ့မရှိတော့ဘဲ နေအိမ်၌သီးသန့်နေထိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပထမအသင်း ကစားသမားသုံးဦး နှင့် ဝန်ထမ်းအချို့မှာ COVID-19 ကူးစက်ခံထားရကြောင်း၊ ရောဂါကူး စက်ခံရသောလူများအားလုံးကို သီး သန့်ထားရှိကာ ကျန်းမာရေးစောင့် ရှောက်မှုပေးနေကြောင်း ဗလင်စီယာ က အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့သည်။















