COVID-19 ဖြစ်နေချိန် ဘောလုံးကစားရ၍ ဂရီမီယို ကစားသမားများ ဆန္ဒပြ

COVID-19 ဖြစ်နေချိန် ဘောလုံးကစားရ၍ ဂရီမီယို ကစားသမားများ ဆန္ဒပြ

ကူးစက်မြန် COVID-19 ဖြစ်ပွား မှုနှုန်းမြင့်တက်နေသည့်အချိန် အခြား နိုင်ငံများကဲ့သို့ ဘောလုံးပြိုင်ပွဲအပါအဝင် အခြားသော အားကစားပြိုင်ပွဲများကို မရွှေ့ဆိုင်းဘဲ ဆက်လက် ကျင်းပနေရာ ဘရာဇီးကလပ် ဂရီမီယို ကစားသမားများက ယင်းအပေါ်ဆန္ဒပြခဲ့ကြသည်။

COVID-19 မှာ တောင်အမေရိကတိုက်သို့လည်း ပြန့်ပွားမှုများရှိနေပြီး စိုးရိမ်စရာအခြေ အနေတစ်ခုလည်း ဖြစ်နေသည်။ ဂရီ မီယိုအသင်းသည် မတ် ၁၅ ရက်က ဆာအိုလူးဝစ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။ ပြိုင်ပွဲ ကို ပရိသတ်မပါဘဲ တံခါးပိတ်ကစားခဲ့ခြင်းလည်း ဖြစ်သည်။

ဂရီမီယိုကစားသမားများသည် ပွဲမကစားမီ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများ တပ်၍ဆန္ဒပြခဲ့ကြသည်။ COVID-19 စိုးရိမ်ရ၍ ကစားသမားများက ဘောလုံးပြိုင်ပွဲ ရွှေ့ဆိုင်းရန်အတွက် ယခုကဲ့ သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း ဂရီမီယို အားကစားဒါရိုက်တာ ပေါ်လိုလက်ဇ်က ပြောကြားခဲ့သည်။ ဂရီမီယိုအသင်းက COVID-19 အခြေအနေစိုးရိမ်ရသည်ကို ဆန္ဒပြခဲ့ပြီးနောက်ပိုင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က နိုင်ငံအတွင်း ဘောလုံးပြိုင်ပွဲများကို မတ် ၁၆ ရက်မှစတင်၍ အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ကာဘော့လိုက ဘရာဇီးနိုင်ငံ အတွင်း COVID-19 မကူးစက်ရန် အတွက် တစ်ထောင့်တစ်နေရာမှအကူ အညီပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ COVID-19 ကြောင့် မတ်လအတွင်းကစားရမည့် ၂ဝ၂၂ ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲများကိုလည်း ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး