COVID-19 ရန်ပုံငွေ စီးရီးအေ ကစားသမားများ ဆေးရုံသို့ငွေလှူဒါန်း

COVID-19 ရန်ပုံငွေ စီးရီးအေ ကစားသမားများ ဆေးရုံသို့ငွေလှူဒါန်း

အီတလီနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုနှုန်း အလျင်အမြန်တိုးပွားနေပြီး ရောဂါကူးစက်ခံထားရသော လူများမှာလည်း အရေအတွက်မြင့်တက် နေရာ ရန်ပုံငွေတိုးစေရန်အတွက် စီးရီး အေ ကစားသမားများက ဆေးရုံများသို့ ငွေကြေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ၌ COVID-19 ကူးစက်ခံရသူဦးရေမှာ ၂ဝဝဝဝ ကျော် အထိရှိနေပြီး သေဆုံးသူဦးရေမှာ ၁၈ဝဝ ကျော်ရှိနေသည်။ COVID-19 အကျိုးဆက်အနေဖြင့် စီးရီးအေ၊ စီးရီး ဘီနှင့် စီးရီးစီပြိုင်ပွဲများကို ရွှေ့ဆိုင်း ထားပြီး တစ်နိုင်ငံလုံးရှိအားကစားပြိုင် ပွဲများကိုလည်း လာမည့်ဧပြီ ၃ ရက် အထိရွှေ့ဆိုင်းထားသည်။

ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနုချီ သည် တူရင်မြို့ရှိ Citta della Salute ဆေးရုံသို့ ယူရို ၁၂ဝ,ဝဝဝ လှူဒါန်း ခဲ့ကြောင်း သိရသည်။ ဘိုနုချီနည်းတူ နာပိုလီအသင်းခေါင်းဆောင် အင်ဆိုင် နီမှာလည်း နေပယ်လ်ရှိ Cotugno ဆေးရုံသို့ ယူရိုတစ်သိန်းလှူဒါန်းခဲ့ သည်။ အတ္တလန္တာအဓိကကစားသမား အီလီဆစ်သည် ဗလင်စီယာအား အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် တစ်ဦးတည်း လေးဂိုးသွင်းယူပြီးခြေစွမ်း ပြခဲ့ရာ ပွဲ၌အသုံးပြုခဲ့သည့်ဘောလုံးကို အိမ်သို့ယူလာခဲ့သည်။

ယခုအခါ အီလီဆစ်သည် ၄င်း၏ ဘဝ၌ သမိုင်းဝင်ခဲ့သောဘောလုံးကို ဘာဂါမိုမြို့ရှိ Papa Giovanni XXIII ဆေးရုံသို့ လက်ဆောင်အဖြစ် ပေးအပ် ခဲ့သည်။ အတ္တလန္တာပရိသတ်များကလည်း ယင်းဆေးရုံသို့ ယူရို ၆ဝ,ဝဝဝ လှူဒါန်းခဲ့ပြီးဖြစ်သည်။ အတ္တလန္တာ နည်းပြ ဂက်စ်ပါရီနီနှင့် အသင်း ကစားသမားများသည် Papa Giovanni XXIII ဆေးရုံအတွက် ရန်ပုံငွေယူရို ၅ဝ,ဝဝဝ အထိ ရှာပေးနိုင်ခဲ့သည်။

အင်တာမီလန်အသင်းကလည်း ဒေသခံဆေးရုံသို့ ယူရိုငါးသိန်းလှူဒါန်း ခဲ့သည်။ အီတလီ၌ ဘာဂါမိုမြို့မှာ COVID-19 ကူးစက်ခံရမှုအများဆုံး ဖြစ်နေသည်။ COVID-19 ကူးစက် ခံရသူဦးရေမှာ အီတလီ၌ တစ်နေ့ တခြား များပြားနေသည်။

 



ဖတ်ရှုမှုအများဆုံး