COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းမည်ဟု UMFCCI ထုတ်ပြန်

COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းမည်ဟု UMFCCI ထုတ်ပြန်

COVID-19 ကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးနှင့်လူမှုရေး သက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)က ယနေ့မတ်၁၇ရက်တွင် ထုတ်ပြန်သည်။
 

လက်ရှိ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်နေသည့် COVID-19 အရေးတွင် နိုင်ငံတော်အစိုးရမှ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နေမှုများကို ကုန်သည်စက်မှုအသင်းချုပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း UMFCCIက ဆိုသည်။

နိုင်ငံတော်အစိုးရက ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့ခြင်းနှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းတို့ကို ကြိုဆိုကြောင်းလည်း UMFCCIထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် COVID-19 ရင်ဆိုင်နေရချိန်တွင် အများပြည်သူအကျိုး၊ နိုင်ငံ့အကျိုးအတွက် ညီနောင်အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ အသိပညာရှင် ၊ အတတ်ပညာရှင်များနှင့် အတူတကွလက်တွဲပြီး နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ ကော်မတီများနှင့် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း UMFCCI က ထုတ်ပြန်ချက်မှတစ်ဆင့် ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်မှ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး