ကာဒစ်ဖ် ကစားသမားဟောင်း ဝှိုက်တင်ဟမ် စားသောက်ဆိုင် လှေကားပေါ်မှပြုတ်ကျ သေဆုံး

ကာဒစ်ဖ် ကစားသမားဟောင်း ဝှိုက်တင်ဟမ် စားသောက်ဆိုင် လှေကားပေါ်မှပြုတ်ကျ သေဆုံး

ကာဒစ်ဖ်ကစားသမားဟောင်း တစ်ဦးဖြစ်သော ပီတာဝှိုက်တင်ဟမ် သည် ဦးခေါင်းဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးနောက် သေဆုံးခဲ့ရကြောင်း ဗြိတိန်သတင်းများကဖော်ပြခဲ့သည်။

အသက်(၃၅)နှစ် အရွယ်သာရှိ သေးသော အင်္ဂလန်ကွင်းလယ်လူဟောင်း ဝှိုက်တင်ဟမ်သည် မတ် ၇ ရက်က ဘာရီရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အပေါင်းအသင်းများနှင့်အတူ အင်္ဂလန်နှင့် ဝေးလ်တို့၏ Six Nations ရပ်ဘီ ပွဲကိုကြည့်ရှုခဲ့ပြီး အပြန်တွင် လှေကားပေါ်မှ ပြုတ်ကျခဲ့ရာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်။ ဝှိုက်တင်ဟမ်ကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရပြီး ဝှိုက်တင်ဟမ်မှာ ဆေးကုသမှုများ ခံယူရပြီးနောက် ၁၂ ရက်အကြာ၌ သေဆုံးခဲ့သည်။

ဝှိုက်တင်ဟမ်၏ ဒဏ်ရာမှာ ပြင်းထန်ပြီး မတ် ၁၉ ရက်က သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။ ဝှိုက်တင်ဟမ် သည် ကာဒစ်ဖ်အသင်းအတွက် ၄၅၉ ပွဲကစားခဲ့ရာ ၉၈ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ပရိသတ် အချစ်တော်ကစား သမားတစ်ဦးလည်းဖြစ်ခဲ့သည်။ ဝှိုက် တင်ဟမ်၏ဇနီး အေမန်ဒါမှာ ကိုယ်ဝန်လွယ်ထားရ၍ အင်္ဂလန်သား သေဆုံးခဲ့ရခြင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်ခဲ့ရသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ကာဒစ်ဖ်ကိုနည်းပြစဉ် ဝှိုက်တင်ဟမ်နှင့် အတူလက်တွဲခဲ့ ဖူးသူဖြစ်သည်။ ဆိုးလ်ရှားက ဝှိုက်တင်ဟမ်၏မိသားစု အတွက် အလွန်ဝမ်းနည်းစရာကောင်း သည့်အချိန် ဖြစ်ကြောင်း ဆိုခဲ့သည်။

ဝှိုက်တင်ဟမ်သည် ကာဒစ်ဖ်အသင်း အပြင် ဘလက်ဘန်းနှင့် ဗီလာတို့၌ လည်း ကစားခဲ့ဖူးသူဖြစ်ပြီး ၂ဝ၁၈ ခုနှစ်က ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။ ဝှိုက်တင်ဟမ်သည် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ အင်္ဂလန်ယူ–၂၁ အသင်းအတွက် ၁၇ ပွဲကစားခဲ့ဖူးသူဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး