ဂျူဗင်တပ်တိုက်စစ်မှူးနှင့် ၎င်း၏ချစ်သူ COVID-19 ကူးစက်ခံရ၊ မာဒီနီတို့သားအဖလည်း COVID-19 ဖြစ်နေဟု ကြေညာ

ဂျူဗင်တပ်တိုက်စစ်မှူးနှင့် ၎င်း၏ချစ်သူ COVID-19 ကူးစက်ခံရ၊ မာဒီနီတို့သားအဖလည်း COVID-19 ဖြစ်နေဟု ကြေညာ

ဂျူဗင်တပ်အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာနှင့် ၎င်း၏ချစ်သူတို့တွင် COVID-19 ကူးစက်ခံထားရပြီဖြစ်ကြောင်း သိရသည်။
 

ကူးစက်မြန် COVID-19 မှာ ကမ္ဘာတစ်လွှားပျံ့နှံ့လျက်ရှိရာ ဥရောပနိုင်ငံများအနက် အီတလီနိုင်ငံ၌ COVID-19 ကူးစက်ခံရသူဦးရေ တစ်နေ့တခြား တိုးပွားနေသည်။

ဂျူဗင်တပ်ကစားသမားနှစ်ဦးဖြစ်သော နောက်ခံလူရူဂါနီနှင့် ကွင်း လယ်လူမာတူဒီတို့သည် COVID-19 ကူးစက်ခံရပြီးနောက် ဒိုင်ဘာလာမှာ COVID-19 ထိခဲ့သော တတိယမြောက် ဂျူဗင်တပ်ကစားသမားဖြစ်ခဲ့သည်။

၎င်းအပါအဝင် ချစ်သူဖြစ်သူ အော်ရီယာနာတို့၌ COVID-19 ကူးစက်ခံထားရကြောင်း၊ စိုးရိမ်တကြီးဖြင့် အားပေးကြသူများကို ကျေးဇူးတင်ရှိကြောင်း ဒိုင်ဘာလာက တွစ်တာမှ တစ်ဆင့် ပြောကြားခဲ့သည်။

COVID-19 ကူးစက်ခံထားရသော ဒိုင်ဘာလာသည် မတ် ၁၁ ရက်နောက်ပိုင်း နေအိမ်၌သီးသန့်နေခဲ့ရပြီး ဆေးဝါး ကုသမှုများ ခံယူနေရသည်။

ဒိုင်ဘာလာတို့စုံတွဲအပြင် အီတလီ ဂန္ထဝင်နောက်ခံလူဟောင်း ပေါ်လိုမာဒီနီနှင့် ၎င်း၏သားဖြစ်သူ ဒန်နီရယ် တို့မှာ COVID-19 ကူးစက်ခံထားရကြောင်း အေစီမီလန်အသင်းက ကြေညာခဲ့သည်။

မာဒီနီသည် လက်ရှိ အချိန်တွင် အေစီမီလန်နည်းစနစ် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင် နသူဖြစ်သည်။ COVID-19 ဖြစ်နေသော အသက်(၅၁)နှစ်အရွယ် ပေါ်လို မာဒီနီနှင့် ၎င်း၏သားဖြစ်သူ အသက် ၁၈ နှစ်အရွယ်ဒန်နီရယ်တို့မှာ နေအိမ်၌ သီးသန့်နေရဦးမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ သုံးသိန်းကျော်အထိရှိ လာပြီး တရုတ်၊ အီတလီ၊ အမေရိကန်၊ စပိန်၊ ဂျာမနီ၊ အီရန်၊ ပြင်သစ်၊ တောင် ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် နယ်သာလန်တို့မှာ COVID-19ကူးစက်မှုဒဏ်အခံရဆုံးနိုင်ငံများ ဖြစ်နေသည်။



ဖတ်ရှုမှုအများဆုံး