COVID-19 ကြောင့် ရီးရဲလ်ဥက္ကဋ္ဌဟောင်း သေဆုံး

COVID-19 ကြောင့် ရီးရဲလ်ဥက္ကဋ္ဌဟောင်း သေဆုံး

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သော လိုရန်ဇိုဆန့်ဇ်သည် COVID-19 ဝေဒနာခံစားခဲ့ရပြီးနောက် မတ် ၂၁ ရက်က သေဆုံးခဲ့ပြီဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ ဖာနန်ဒိုဆန့်ဇ်က ပြောကြားခဲ့သည်။

အသက် ၇၆ နှစ်အရွယ် လိုရန်ဇိုဆန့်ဇ်သည် မကြာခင်က COVID-19 ကူးစက်ခံခဲ့ရပြီးနောက် ဆေးရုံတက်ခဲ့ရသူဖြစ်သည်။ လိုရန်ဇိုဆန့်ဇ်သည် COVID-19 ကို တွန်းလှန်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရသည်။

လိုရန်ဇိုဆန့်ဇ်သည် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌအဖြစ် ၁၉၉၅ ခုနှစ်မှ ၂၀ဝ၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏လက်ထက်၌ ရီးရဲလ်အသင်းမှာ ချန်ပီယံလိဂ်ဆုဖလား နှစ်ကြိမ်ပိုင်ဆိုင်ခဲ့သည်။ လိုရန်ဇိုဆန့်ဇ်သည် ရီးရဲလ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့စဉ် ရောဘတ်တိုကားလို့စ်၊ ဆီးဒေါ့ဖ်နှင့် ဒေးဗစ်ဆူကာ အစရှိသောကစားသမားကောင်းများကို ခေါ်ယူပေးခဲ့သည်။ COVID-19 ကြောင့်သေဆုံးခဲ့ရသော လိုရန်ဇိုဆန့်ဇ်ကို ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာတို့က ဂုဏ်ပြုခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး