ဘယ်လ်ဂျီယံသား ဖယ်လိုင်နီ၌ COVID-19 တွေ့ရှိ

ဘယ်လ်ဂျီယံသား ဖယ်လိုင်နီ၌ COVID-19 တွေ့ရှိ

ဘယ်လ်ဂျီယံကစားသမားတစ်ဦးဖြစ်သော ဖယ်လိုင်နီသည် တရုတ်၌ COVID-19 ကူးစက်ခံထားရကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။ အသက် ၃၂ နှစ်အရွယ် မန်ယူကွင်းလယ်ကစား သမားဟောင်းလည်းဖြစ်သော ဖယ်လိုင်နီသည် တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်အသင်း၌ ပါဝင်ကစားနေသူဖြစ်ပြီး မတ် ၂၀ ရက်က လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ဂျီနန်သို့ရောက်ရှိခဲ့သည်။ ဖယ်လိုင်နီကို မတ် ၂၁ ရက်က ဆေးစစ်ခဲ့ရာ COVID-19 ကူးစက်ခံထားရကြောင်း ဂျီနန်ကျန်းမာရေးဌာနက အသိပေးခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှအစပြုခဲ့သော COVID-19 သည် တရုတ်နိုင်ငံ၌ ကူးစက်ခံရသူ ၈၀ဝ၀ဝ ကျော် အထိရှိနေပြီး မတ် ၂၂ ရက်အထိ လူပေါင်း ၃၀ဝ၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။ ဖယ်လိုင်နီသည် COVID-19 ကူးစက်ခံခဲ့ရသော ပထမဆုံးတရုတ် စူပါလိဂ်ကစားသမား ဖြစ်ခဲ့ရသည်။

အဲဗာတန်၌လည်းကစားခဲ့ဖူးသော ဖယ်လိုင်နီသည် ၂၀၁၉ ခုနှစ်က ရှန်ဒေါင်းလူနန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမရာသီတွင် အောင်မြင်မှုများရရှိခဲ့သည်။ ဖယ်လိုင်နီသည် ရှန်ဒေါင်းလူနန်နှင့် ပထမရာသီတွင် စုစုပေါင်း ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့သည်။



ဖတ်ရှုမှုအများဆုံး