UAB Bank သည် COVID-19 ကြောင့် ထိခိုက်နစ်နာမှုရှိသော Customer များအား ၎င်းတို့၏ ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် ကာလတို ငွေစီးဆင်းမှုပြဿနာများကို လျှော့ချပေးနိုင်ရန် အတွက် ငွေကြေးဆိုင်ရာ သက်သာခွင့် အစီအစဉ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်များတွင် ထိခိုက်နစ်နာမှုအများဆုံးခံရသည့် ကဏ္ဍများမှ Customer များ၏ ချေးငွေပြန်လည်ပေးဆပ်မှုများကို ခြောက်လတာ ကာလအထိ ဆိုင်းငံ့ပေးထားခြင်း၊ လက်ရှိ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းများနှင့် ထပ်တိုးဘဏ္ဍာရေး အထောက်အပံ့ပေးခြင်းများလည်း ပါဝင်သည်။
UAB Bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh က "Customer တွေရဲ့အခက်အခဲတွေကို ကျွန်တော်တို့နားလည်ပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ကြုံနေရတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ Customer တွေအားလုံးနဲ့အတူတူ ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Relationship Manager တွေနဲ့ဘဏ်ခွဲ Manager တွေလည်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရှင်းပြပေးမှာဖြစ်ပြီး Customer တွေကို အားတက်သရောကူညီပေးမှာပါ။ ကျွန်တော်တို့ဘက်ကလည်း အခြေအနေတွေကို ဆက်လက် စောင့်ကြည့်မှာဖြစ်ပြီး Customer တွေနဲ့ စီးပွားရေးနယ်ပယ်တွေအတွက် အထောက်အကူပေးနိုင်ဖို့ လိုအပ်တဲ့အစီအစဉ်တွေကိုလည်း ထပ်မံလုပ် ဆောင်သွားမှာပ"ဟု ရှင်းလင်းပြောသည်။
Customer များအနေဖြင့် မိမိတို့၏ အခြေအနေနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ရန်အတွက် Relationship Manager များနှင့် ဘဏ်ခွဲ Manager များသို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ဤကာလအတွင်း UAB Bank သည် အထက်ဖော်ပြပါအစီအစဉ်များနှင့်စီးပွားရေးနယ်ပယ်များကို ထောက်ပံ့ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) ၏ ကြေညာချက်များနှင့်အညီ ထပ်တူထပ်မျှလုပ်ဆောင်သည်။
"အခုလို ကူးစက်ပြန့်ပွားမှုနှုန်းလျှော့ချနိုင်ဖို့ အရေးကြီးနေတဲ့အချိန် မှာ ကျွန်တော်တို့ရဲ့ Customer တွေ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို အဆင်ပြေစွာ ကတ်ဖြင့်ထိပြီး ငွေပေးချေမှုကို လုပ်ဆောင်နိုင်တဲ့ Debit ကတ်နဲ့ Credit ကတ်တွေ၊ Mobile Banking, Internet Banking နဲ့ ATM တွေကဲ့သို့သော အီလက်ထရွန်နစ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ကို အသုံးပြုဖို့ တိုက်တွန်း လိုပါတယ်" ဟု Christopher က ထပ်မံဖြည့်စွက် ပြောသည်။
UAB Bank သည် ၂၀၁၀ ပြည့်နှစ်၌ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်အထိ တိုးချဲ့၍ Customer များ၏ လိုအပ်ချက်နှင့်အညီ Consumer Banking, Premier Banking, SME Banking, Corporate Banking, Trade Finance နှင့် Treasure Services စသည့် အဓိကကျသောဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
UAB ၏ လုပ်ငန်းခွဲဖြစ်သည့် UAB Securities မှတစ်ဆင့်လည်း Brokerage Services, Corporate and Financial Advisory, Investment Banking နှင့် Capita Market ဆိုင်ရာဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။

















